Arc 3🗡204🗡စစ်သေနာပတိဟူရှောက်ကို သတ်ပစ်ပြီ

198 19 0
                                    

Chapter (204) Arc 3
စစ်သေနာပတိ ဟူရှောက်ကို သတ်ပစ်ပြီ!

"အချိန်ပြည့်ပြီ.. လျော်ကြေးငွေ ပေးမလား? အသေခံမလား?"

အိုးယန်ရွှမ်းကို ခေါင်းဖြတ် သတ်ပြီးနောက် လုရွှမ်သည် ကျောင်းအုပ်ကြီး ချူဝမ့်ရှန်းရဲ့ ဦးရေပြားကို တက်နင်းလိုက်ရာ အသံပင် ထွက်သွားသည်။

"လျော်ကြေးပေးပါ့မယ်!"

တစ်ဖက်သား၏ ရက်စက်ကြမ်းကြုတ်သောအကြည့်ကို မြင်လိုက်ရသဖြင့် ခြေတစ်လှမ်းသာ နောက်ကျသွားလျှင် သူ့ခေါင်း တစ်ခုလုံး ကြေမွသွားလိမ့်မည်ကို သူသိသည်။ ထို့ကြောင့် အလျင်စလို ပြောလိုက်သည်။

"ကောင်းပြီ.... ငါ့ရဲ့ဝိညာဥ်သားရဲက ဒဏ်ရာအပြင်းအထန် ရနေတယ်.... ဒါက စာရင်းပဲ မင်းဒီပစ္စည်းတွေကို တစ်နာရီအတွင်း တစ်စုံတစ်ယောက်ကို လာပို့ပေးခိုင်းရင် အသက်ရှင်နိုင်တယ်... မဟုတ်ရင်တော့ ​သေဖို့သာ စောင့်နေတော့!"

အမျိုးမျိုးသော ပစ္စည်းများနှင့် ဝိညာဉ်ကျောက်များ ထူထပ်စွာ ပြည့်နှက်နေသော စာရင်းတစ်ခုကို သူထုတ်လိုက်သည်။ တစ်ချက် ကြည့်လိုက်ပြီးနောက် ချူဝမ့်ရှန်း၏ သူ့မျက်လုံးများ မှောင်မည်းသွားသလို ခံစားလိုက်ရသည်။

သူက ဒီအရာတွေ အားလုံးကို ထုတ်နိုင်ပေမယ့် တကယ်ပဲ ​ပေးချင်တယ် ဆိုရင်တော့ နှစ်ပေါင်းများစွာ သူ့ရဲ့စုဆောင်းငွေတွေ ကုန်လုနီးပါး ဖြစ်သွားမှာကိုပင် ကြောက်ရ၏။

သူ့စုဆောင်းမှု အကြောင်း ကြိုသိထားသလား မှတ်ရသည်။ ဒီစာရင်းထဲက ပစ္စည်းတွေဟာ အဆင့်၈ ပြီးပြည့်စုံသော ကာလက လူတစ်ယောက် ရှာဖွေစုဆောင်းနိုင်တဲ့ အရာတွေ ဖြစ်ပြီး ပေးလိုက်ရင် ဘာမှကျန်တော့မှာ မဟုတ်ဘူး။

"ဟုတ်ကဲ့ ဟုတ်ကဲ့!"

သူသေခါနီးမှာ စိတ်ဓာတ်ကျနေပေမယ့် သူ့အသက်က တစ်ဖက်လူရဲ့ လက်ထဲမှာ ရှိနေတယ်ဆိုတာလည်း သိပါသေးသည်။ တစ်ခုခုကို လက်မလွှတ်ဘူး ဆိုရင်တော့ သူသေသွားမှာ သေချာလေ၏။

ထို့ကြောင့် မနီးမဝေးက လူကြီးတစ်ယောက်ကို အမိန့်ပေးလိုက်ရသည်။ ထိုလူကြီးသည် သူ၏ လူယုံဖြစ်ပြီး ဘဏ္ဍာများကို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို သိထားသည်။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now