Arc 4🗡71🗡 နိယာမနတ်သူငယ်

123 16 1
                                    

Chapter (71) Arc 4
နိယာမနတ်သူငယ်

"သူမ.... သူမက နိယာမနတ်သူငယ်လား"

ရုတ်တရက် အဘိုးအို တစ်ယောက်၏ အသံသည် ပြင်းထန်စွာ ထွက်ပေါ်လာသည်။ သူ့အသံက သစ်သားတုံးကြီး သေရာကနေ ပြန်ရှင်လာသလိုပဲ အလွန်အမင်း အံ့သြ ထိတ်လန့်နေလေသည်။

အဘိုးအိုမှာ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် ပြီးပြည့်စုံသော ကျင့်​ကြံမှုအခြေခံ ရှိသော်လည်း သူ့ခန္ဓာကိုယ်တွင် သူတော်စဥ်လမ်းစဥ် နှင့် ဓမ္မအခြေခံ သဘောတရားများ မပါရှိပါ။ သူသည် မှုန်ဝါးဝါး၊ နှင်းဖြူရောင် ဆံပင်များ၊ စူးရှသော မျက်လုံးများနှင့် ဖော်ပြ၍မရသော ထိတ်လန့်စရာများကို ကြုံတွေ့နေရသလိုပင်။

"အဘိုးအိုခွေမုမလား??"

အဘိုးအိုကို မှတ်မိသွားတဲ့ လူတစ်ယောက်က အဘိုးအိုရဲ့ နာမည်ကို လှမ်းအော်လိုက်သည်။

အဘိုးအိုသည် ကလေးမလေး၏ ရှေ့သို့ အပြေးအလွှား ပြေးသွားသော်လည်း ကလေးမလေးသည် ခံနိုင်ရည်အား အနည်းငယ်မျှပင် မရှိသဖြင့် ထိတ်လန့်စွာ မျက်လုံးများ မှိတ်ထားလိုက်သည်။ အဘိုးအိုက လက်ဖဝါးကို ဆန့်တန်းကာ ကလေးမလေးအား ဖမ်းကိုင်လိုက်သည်။

သို့သော် အဖိုးအိုရဲ့ လက်က လမ်းတစ်ဝက်မှာတင် လုရွှမ်ဆီက ဆုပ်ကိုင်ခံလိုက်ပြီး

"မင်းဘာလုပ်ချင်​နေတာလဲ?"

အဘိုးအိုသည် သူ့နောက်ကျောကို လက်ပြန်ရိုက်ပစ် ချင်သော်လည်း တစ်ဖက်လူက လုရွှမ် ဖြစ်နေတာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတဲ့အခါ သူ့လက်ဖဝါးကို လျင်မြန်စွာ ရုတ်သိမ်းလိုက်တော့သည်။

"မိတ်ဆွေလေး... နားလည်မှု လွဲနေပါပြီ ကျုပ်ကသူ့ကို နာကျင်အောင်လုပ်ဖို့ ရည်ရွယ်တာ မဟုတ်ပါဘူး.... သူ့လက်ဖဝါးကို တစ်ချက်လောက် ကြည့်ချင်ရုံပါ"

"လက်ဝါး??"

လုရွှမ်ရဲ့ စွမ်းအားကို မြင်ပြီးနောက် အဖိုးအို ခွေမုသည် သူကလုရွှမ်ရဲ့ ပြိုင်ဘက် မဟုတ်ကြောင်း ကောင်းစွာသိခဲ့သည်။ ထို့ကြောင့် မြန်မြန် ရှင်းပြ​လေသည်။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now