Arc 4🗡63🗡ထျန်အိမ်ကလူတွေလာပြီ

127 13 0
                                    

Chapter (63) Arc 4
ထျန်အိမ်ကလူတွေလာပြီ

မော့ကောင်းရွှမ်း အရှက်ကွဲသလို ခံစားလိုက်ရကာ ခေါင်းယမ်းလိုက်သည်။ လုရွှမ်က အရိပ်လူသတ်ခန်းမကို သူ့လက်ထဲအပ်ပြီး အချက်အလက် အမျိုးမျိုးကို မေးမြန်းဖို့ တောင်းဆိုခဲ့ပေမယ့် သူ့ဘက်မှာတော့ ဘာမှ ရှာမတွေ့ခဲ့ဘူးလေ။

လုရွှမ်က နှစ်သိမ့်စကား အနည်းငယ် ပြောလိုက်သည်။ လျှို့ဝှက်ချက်လို့ ခေါ်ရတဲ့ အကြောင်းရင်းက သဘာဝကျကျ တခြားလူတွေ မသိနိုင်တဲ့ အရာကို ဖုံးကွယ်ထားကြတာပဲ မဟုတ်လား။

ထိုအချိန်၌ အဝေးမှ ရယ်မောသံကြီး ထွက်ပေါ်လာခဲ့သည်။ ထိုရယ်သံသည် အလွန် ကြီးကျယ်ခမ်းနားပြီး ခွန်အားကြီးပုံ ပေါ်ကာ သားရဲခန်းမကိုပါ တုန်လှုပ်သွား​စေကာ ဝိညာဥ်သားရဲ များစွာကိုပင် အော်ဟစ် ညည်းတွား​စေလေသည်။

ဘယ်သူလဲ?

လုရွှမ် လေထဲ၌ ပျံတက်သွားပြီး တစ်ချက် ကြည့်လိုက်သည်။

အဘိုးအိုများစွာ၏ ဦးဆောင်မှုအောက်တွင် ပျံဝဲလာသော လူငယ်တစ်စုသာ ဖြစ်သည်။ အဝေးမှနေ၍ သက်ရှိသတ္တဝါ အားလုံးကို ငုံ့ကြည့်နေသော အရိပ်အယောင်ကိုပင် ခံစားရနိုင်သည်။

အဘိုးကြီး ရောက်လာတာတော့ လေးစားတဲ့ အကြည့်နဲ့ အရှေ့ဘက်မှာ ရပ်နေတဲ့ သူကတော့ ဟယ်ချောင်ပဲ ဖြစ်သည်။

လူငယ်များသည် တူညီသော အဝတ်အစားများ ဝတ်ဆင်ထားကြပြီး အမျိုးမျိုးသော ဝိညာဥ်သားရဲများ အပေါ်မှာ စီးနင်းလျက် လူအိုများနောက်သို့ လိုက်သွားကာ လမ်းတစ်လျှောက်လုံး လွင့်မျောသွားကြသည်။

ဟယ်ချောင်သည် လုရွှမ်ကို မြင်တော့ အဝေးမှ လှမ်းနှုတ်ဆက်ပြီး လူအုပ်စုကို သားရဲခန်းမဆောင်ကြီးထဲသို့ ခေါ်ဆောင်သွားလေသည်။

ထိုအချိန်တွင် ထျန်ကျွင့်နမ်တစ်ယောက် ပြေးချလာ၏။ သူ၏ထွားကျိုင်းသော မျက်နှာသည် ငြူစူခြင်း အပြည့်ဖြင့်။ လုရွှမ်ကို မြင်တာနဲ့ ကျယ်လောင်စွာ ရယ်မောကာ

"သူဌေး... နောက်ဆုံးတော့ သူဌေး ဒီကိုရောက်လာပြီပေါ့... သူဌေးက ကျွန်တော့်ရဲ့ စံပြပုဂ္ဂိုလ်ပဲဗျာ.... လူတစ်ယောက်တည်းက အင်အားကြီး လေးခုကို အနိုင်ယူသွားခဲ့တယ်.... ဒီညီလေးရဲ့ ကြည်ညိုလေးစားမှု မတိုးဘဲကို မနေနိုင်တော့ဘူး ဒီညီလေးရဲ့ ပွေ့ဖက်မှုကို လက်ခံပေးပါဦး…"

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now