Arc 3🗡212🗡ဝှက်ဖဲကဘာလဲ?

187 21 0
                                    

Chapter (212) Arc 3
ဝှက်ဖဲကဘာလဲ?

"ဒါ...."

ထိုကဲ့သို့ ကြီးကျယ်ခမ်းနားသော စကားလုံးများကို ကြားလိုက်ရတဲ့အခါ မုယန်ဖုန်းနှင့် မော့ကောင်းရွှမ်းတို့သည် တစ်ချိန်တည်းမှာပင် ထိတ်လန့်သွားကြသည်။

ပေရွှီး တော်ဝင်အင်ပါယာရဲ့ သခင်နေရာက ပြောင်းလဲချိန် တန်ပြီတဲ့လား?

ယင်းယန်ကျောင်းတော်ရဲ့ ဌာနချုပ်ကလည်း ကျောင်းအုပ် အသစ် တစ်ယောက်ကို စေလွှတ်သင့်ပြီတဲ့လား ?

စကားလုံးတွေက နားထောင်လို့ ကောင်းပေမယ့် သခင်လေး ဒီယုံကြည်မှုတွေကို ဘယ်ကများ ရလာတာလဲ။

အချိန်အတော်ကြာ တုံ့ဆိုင်းသွားပြီးနောက် မော့ကောင်းရွှမ်းသည် သူ့အင်္ကျီလက်များက တင်းကျပ်သွားသလို ခံစားလိုက်ရပြီး မုယန်ဖုန်းက သူ့ကို တစ်ဖက်သို့ ဆွဲခေါ်သွားတော့သည်။ 

နောက်ထပ်မေးခွန်းတွေ မမေးရဘူးလို့ အချက်ပြပြီး နှစ်ယောက်သား ပြန်ထွက်လာကြသည်။

"ဘာလို့ ငါ့ကို ဆွဲထုတ်လာတာလဲ?"

မော့​ကောင်းရွှမ်း အခန်းထဲက ထွက်လာပြီး သံသယနဲ့ ကြည့်နေလိုက်သည်။

"ခင်ဗျားက သခင်လေးကို ဘာအားကိုးရမှာလဲ ထောင်ချောက်တွေ ထောင်ထားတာတောင် မကြောက်ဘူးလား မေးချင်တာမလား?"

မုယန်ဖုန်းက သူဘာတွေ တွေးနေလဲ သိနေပုံဖြင့် သူ့ကို လှည့်ကြည့်လိုက်သည်။

"ဟုတ်တယ်လေ!"

သူသည် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် စတုတ္ထအဆင့် သခင်​လေး​ကို လျှော့တွက်နေခြင်း မဟုတ်ပေ။ သူ မည်မျှပင် စွမ်းဆောင်နိုင်ပါစေ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈က ကျင့်ကြံသူများနှင့် ယှဉ်နိုင်မည် မဟုတ်ချေ။

ထို့အပြင် ပြိုင်ဘက်သည် တောင်ဖောက်နဂါးကို တားဆီးရန်အတွက် ထောင်ချောက်တစ်ခု ဆင်ထားမည်မှာ သေချာလေ၏။

သူကိုယ်တိုင် သေမျိုး အသွင်ကူးပြောင်းခြင်း နယ်ပယ် အဆင့်၉ ခွန်အားဖြင့် လှုပ်ရှားလိုက်လျှင် ကာကွယ်ရေးကို အလွယ်တကူ ဖြတ်ကျော်နိုင်တော့မည်မှာ သေချာသည်။ သို့သော် သခင်​လေး၏ စွမ်းအားက တကယ်ကို ဆိုးရွားလွန်းလှသည်လေ။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now