Arc 4🗡64🗡မောက်မာသော ထျန်မိသားစု

114 15 1
                                    

Chapter (64) Arc 4
မောက်မာသော ထျန်မိသားစု

တောက်ဓမ္မကျင့်ကြံမှု လမ်းစဥ်တွင် သုံးထောင်ရှိပြီး ထို​သုံးထောင်သည် လူ့စိတ်ကူးထဲက ဂဏန်းမျှသာ ဖြစ်သည်။ တကယ်တော့ ကျင့်ကြံမှုလမ်းစဥ် မည်မျှရှိသည်ကို မည်သူမျှ မသိနိုင်ပေ။

နိယာမများနှင့် သဘောတရားများသည် ရောယှက်နေပြီး အခြေခံ သဘောတရားများသည် တောက်ကျင့်ကြံမှု လမ်းစဥ်ကို အမှန်တကယ် နှိုးဆွနိုင်သောကြောင့် မည်သူမျှ မသိနိုင်ပေ။

မျိုးဆက် အဆက်ဆက်က နိဂုံးချုပ်ထားသော တချို့သော တရားဥပဒေ နိယာမများအတိုင်း နောင်လာနောက်သားများက လိုက်ကြမည် ဖြစ်သောကြောင့် ၎င်းတို့သည် အမှောင်ထဲ စမ်းတဝါးဝါး သွားကြရမည် ဖြစ်ပြီး ၎င်းတို့ မသေမချင်း သူတော်စင်နယ်ပယ်၏ နောက်ဆုံး အတားအဆီးကို ဖြတ်ကျော်နိုင်မည် မဟုတ်ပေ။

ဒါပေါ့။ သူတော်စင်ဖြစ်ခြင်း လမ်းစဥ်ကို အပေါ် မင်းမျိုးမင်းနွယ် မိသားစုများရဲ့ နားလည်မှုက သာမန်လူတွေထက် အဆပေါင်းများစွာ မြင့်မားပြီး အောင်မြင်မှုနှုန်းက ပိုမြင့်မားကြ၏။

ဒါကြောင့် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်တွေရှိတဲ့ တော်ဝင်အင်ပါယာက အလွန်အဆင့် နိမ့်ကျကြသည်။ သူတော်စင်တစ်ပိုင်း အနည်းငယ် ရှိသော ဧကရာဇ်အင်ပါယာ များစွာ ရှိသော်လည်း စစ်မှန်တဲ့ သူတော်စင်နယ်ပယ်ကတော့ ဒဏ္ဍာရီမျှသာ ဖြစ်လေသည်။

လုရွှမ် သူ့ဘေးနားမှာ ရှိနေသဖြင့် ထျန်ကျွင့်နမ်ရဲ့ ရဲစွမ်းသတ္တိက ကြီးမားလာကာ လူတစ်စုကို ဦးဆောင်၍ လျင်မြန်စွာ ပျံတက်လာခဲ့ရာ ထျန်မိသားစု အဖွဲ့ကို အဝေးမှ မြင်လိုက်ရသည်။

လုရွှမ်၏ ဝိညာဉ်စွမ်းအားသည် သာမန်လူများထက် အဆပေါင်းများစွာ သာလွန်ပြီး သူ့စိတ်ဝိညာဉ် စွမ်းအားက ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ၀ သည် ချိုးဖျက်ရမည့် အတားအဆီး တစ်ပိုင်းဖြစ်နေပြီ။

ယခု လုရွှမ်၏ ဝိညာဉ်စွမ်းအားသည် ၁၉ ကို ဖြတ်သွားတော့မည် ဖြစ်ကာ ဖြတ်ကျော်ရန် အခွင့်အရေး တစ်ခုသာ လို​တော့​သည်။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now