Arc 4🗡76🗡မိုးကြိုးလျှပ်စီးကြောင်း

111 14 0
                                    

Chapter (76) Arc 4
မိုးကြိုးလျှပ်စီးကြောင်း

"ဟေး ဘာလို့ ရှေ့မှာ ပင်လယ်လို နေရာကြီး ရှိနေတာလဲ?"

သေမျိုး အသွင်ကူးပြောင်းခြင်း ပြီးပြည့်စုံသောကာလမှ အကြီးအကဲသုံးဦး ဦးဆောင်လာသော အဆင့်မြင့် တော်ဝင်အင်ပါယာ တစ်ခုမှ မိသားစုတစ်စုသည် ရှေ့သို့ ပြေးသွားကြသည်။

လုရွှမ် အဂ္ဂိရတ်ဆေး သန့်စင်​နေစဥ် အခါက အနီးနားတွင် လေ့ကျင့်​နေခဲ့သည်။ သူတို့သည် အံ့ဖွယ်ကောင်းသော မြင်ကွင်းကို မြင်ရမည်ဟု မမျှော်ထားလင့်ဘဲ ပထမဆုံး အပြေးအလွှား လာခဲ့ကြသည်။

လုရွှမ် အနီးတစ်ဝိုက်တွင် အခင်းအကျင်း ပုံစံ အမြောက်အများ ထူထောင်ထားပြီး ဖြစ်၍ ဤမိသားစုသည် ပထမဆုံး တားဆီးခံရသူ ဖြစ်လာခဲ့သည်။

"အားလုံး မလှုပ်နဲ့... ငါတို့ အခင်းအကျင်းထဲကို ရောက်နေကြပြီ"

ခွန်အား မကြီးမားသဖြင့် ထိတ်လန့် တုန်လှုပ်သွားသူမှာ အငယ်တန်း အုပ်စုလေး ဖြစ်သည်။ ၎င်းတို့သည် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၅ အဆင့်၆တွင် ရှိနေသည်။ ၎င်းတို့သည် အခင်းအကျင်း တည်ဆောက်မှုအတွင်း ပိတ်မိနေပြီး အကြီးအကဲများကို စူးရှသော မျက်လုံးများဖြင့် ကြည့်နေကြသည်။

ဓားအလင်းတန်းသည် လေထုအလယ်တွင် ရုတ်တရက် ထွက်ပေါ်လာပြီး ပေါက်ကွဲသံ တစ်ခုနဲ့အတူ အခင်းအကျင်းဟာ ကွဲအက်သွား၏။

လုရွှမ် စိတ်သည် လှုပ်ရှားသွားပြီး ခင်းကျင်းထားသည့် လမ်းကြောင်းဆီသို့ လှမ်းကြည့်လိုက်သည်။

အာဝူး.....!

အကွာအဝေး တစ်ခု၌ ဝံပုလွေအူသံ ရုတ်တရက် ထွက်ပေါ်လာ၍ အသံသည် ဝေးကွာနေသေးသော်လည်း ထူးကဲသော စွမ်းအားများဖြင့် လှိမ့်ဝင်နေ၏။

နတ်ဘုရားအသွင်ပြောင်းဆေးသည် ကိုယ်ခံပညာကို လေ့ကျင့်သူများအတွက် အသုံးဝင်သော်လည်း ၎င်းသည် ဝိညာဉ်သားရဲများအတွက် ပို၍ပင် ဆွဲဆောင်နိုင်စွမ်း ရှိ​လေသည်။

သားရဲခန်းမမှ ဝိညာဉ်သားရဲများ တညီတညွတ်တည်း အော်ဟစ်ရုံသာမက တောင်များနှင့် သစ်တောများ အတွင်းမှ ဝိညာဥ်သားရဲများသည် လုရွှမ်ဆီသို့ တစ်​ကောင်ပြီး တစ်ကောင် ဝိုင်းအုံလာကြသည်။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now