Arc 4🗡99🗡တစ်နှစ်

98 10 0
                                    

Chapter (99) Arc 4
တစ်နှစ်

ဤသည်မှာ လုရွှမ်မှ မှော်ဆန်သည့် အကျိုးသက်ရောက်မှု ဖြစ်သည်။ တောက်ကျင့်စဥ်၏ ဖွဲ့စည်းပုံသည် နိယာမစွမ်းအင်ဖြစ်ပြီး နိယာမစွမ်းအင်သည် အရင်းအမြစ် ဖြစ်သည်။ ဓားများ၊ လက်နက်များ၊ ထူးဆန်းသော ရတနာများနှင့် နှိုင်းယှဉ်ပါက နိယာမစွမ်းအားသည် သိသာထင်ရှားစွာ အားကောင်းနေသည်။

အဲဒါက လူတွေကို အခြေခံကျကျ ဖျက်ဆီးဖို့ဖြစ်ပြီး ရန်သူ့ဘက်မှ လုံးဝ ခုခံနိုင်စွမ်းမဲ့သွားစေသည်။

"သခင်လေးရဲ့ ကျေးဇူးကို ကျွန်တော် ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး"

ပိန်ပိန်ပါးပါး အမျိုးသားက သူ့ကို နှစ်ပေါင်းများစွာ ဒုက္ခပေးလာခဲ့တဲ့ ကန့်သတ် ချုပ်ချယ်မှုကနေ ဖယ်ထုတ်ခံလိုက်ရတာကြောင့် လုရွှမ်ကို ဝမ်းသာအားရ ကျေးဇူးတင်စကား ဆိုလိုက်သည်။

သူတော်စင်တစ်ပိုင်း ရွှေခန္ဓာနယ်ပယ်မှ သခင်တစ်ဦး အနေဖြင့် စိတ်ဆန္ဒမပါဘဲ တိရစ္ဆာန်ကဲ့သို့ ဆက်ဆံခံရခြင်းသည် ရှက်ဖွယ်ကောင်းလှသည်။

ထို့ကြောင့် လုရွှမ်သည် ထုံးရှန်းကို လိုက်လံ သတ်​ဖြတ်လိုက်သောအခါတွင် ထုံးရှန်း အသတ်ခံရတာကို မြင်သော်လည်း ဝင်မတားသည့်အပြင် သူ့စိတ်မှာ ပို၍ပင် လန်းဆန်းလာလေသည်။

ဘယ်လိုပဲဖြစ်ဖြစ် ပိုင်ရှင် မဟုတ်တဲ့ တခြားသူဆီကနေ ကန့်သတ် ထိန်းချုပ်ထားတာကို ဖယ်ရှားခံရမယ်လို့ မမျှော်လင့်ထားခဲ့ပေ။ လူပိန်က မြေကြီးပေါ်က လူဝကြီးကို ငုံ့ကြည့်ပြီးနောက် စိတ်မကောင်းစွာ ခေါင်းခါယမ်းမိတော့သည်။

"ငါနဲ့ လိုက်ခဲ့!"

နတ်ဆေးလုံးမြို့မှ လူများသည် လုရွှမ်ဟာ ရာဇ၀တ်မှုများ အကြိမ်ကြိမ် ကျူးလွန်ခဲ့သော သူ​တော်စင်တစ်ပိုင်း လူကို အနိုင်ယူပြီး မကြာခဏဆိုသလို ရန်သူတချို့ကိုပင် နှိမ်နင်းနိုင်ခဲ့တာကြောင့် ၎င်းတို့၏ အင်အားကို အဆက်မပြတ် အားကောင်းလာစေခဲ့သည်။

လုရွှမ်က ပိန်ပိန်ပါးပါးနဲ့ လူကို လူအုပ်နဲ့ မိတ်ဆက်ပေးလိုက်သည်။ လူပိန်က အကျင့်စာရိတ္တ ကောင်းမွန်ပြီး လူစုလူဝေးနဲ့ ရောထွေးပြီး ဝင်နေလိုက်သည်။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now