Arc 4🗡29🗡နဂါးသွေးသံ

151 16 0
                                    

Chapter (29) Arc 4
နဂါးသွေးသံ

လုရွှမ်မှာ မီတာတစ်ထောင်ကျော် ဆင်းသွားသော်လည်း အောက်ခြေကို မမြင်ရသေးပေ။  ထို့အပြင် ဤနဂါးရုပ်တုသည် အလွန်ထူးဆန်းလှသည်။ နဂါးကိုယ်ထည်က များစွာ မပြောင်းလဲဘဲ ဖြောင့်တန်း ရှည်လျားနေတာပင်။

အဝေးက ကြည့်ရင်တော့ ဦးခေါင်းက အနည်းငယ် ပိုကြီးတဲ့ မျဉ်းကြောင်းပါးပါးနဲ့ တွေ့ရပြီး ထူးဆန်းတာက ဦးခေါင်းဟာ နဂါးပုံသဏ္ဌာန် ရှိနေတာပင်။

လုရွှမ်လည်း ပိုမိုနက်ရှိုင်းစွာ ဆက်ငုပ်သွားရန် စိတ်မဝင်စားတော့ဘဲ နဂါး၏ ခန္ဓာကိုယ်ကို လက်နှစ်ဘက်ဖြင့် ပွေ့ဖက်ထားလိုက်သည်။ ရေ  စီးဆင်းမှု အရှိန်၏ လွှမ်းမိုးမှုအောက်တွင် သူသည် ဤရေထဲတွင် ခွန်အားကို ချေးယူနိုင်ဆဲပင်။

ခက်ခက်ခဲခဲ ဆွဲထုတ်လိုက်တဲ့အခါ နဂါးရဲ့ ခန္ဓာကိုယ်က လုံးဝ မလှုပ်ရှားလာတာကို တွေ့ရတော့ ထပ်မံ အံ့သြသွားရသည်။ မျက်နှာနီရဲပြီး မျက်လုံးတွေ နီသွားတဲ့အထိ အကြိမ်ပေါင်းများစွာ ဆက်တိုက် ဆွဲထုတ်ခဲ့ပေမယ့် လှုပ်ရှားမှု လုံးဝမရှိသေးချေ။

သူရဲ့ လက်ရှိခွန်အားနဲ့ဆို သူ့ခွန်အားကို အသုံးပြုဖို့ နေရာရှာနိုင်သရွေ့ တောင်တစ်ခုကိုတောင် ဆွဲယူနိုင်သည်။ ဒီလို မထူမပါးသာရှိတဲ့ နဂါးခန္ဓာကိုယ်ကို ဆွဲယူလို့ မရနိုင်တာက လုရွှမ်ကို အနည်းငယ် တုန်လှုပ်သွား​စေသည်။

ဒါမှမဟုတ် အောက်ဖက်မှာ ကြီးကျယ်ခမ်းနားတဲ့ စွမ်းအင်တစ်ခုခုများ ရှိနေတာလား။ အဲဒါက သူ့ကို မရွှေ့လို့မရအောင် လုပ်ထားတာများလား။

နဂါးရုပ်တုကို ဆက်လက် ဆွဲထုတ်မယ့် စိတ်ကူးကို လက်လျှော့လိုက်ပြီး လုရွှမ် အရင်ဆုံး ရေထဲမှ အလျင်အမြန် ခုန်တက်လာခဲ့သည်။

လူကလေထဲမှာ ရှိနေဆဲ အချိန်မှာပဲ သူ့တစ်ကိုယ်လုံးရှိ အငွေ့အသက်သည် မီးအသွင်သို့ ပြောင်းလဲသွားကာ ခန္ဓာကိုယ်မှ ရေခိုးရေငွေ့များ ထွက်ပေါ်လာပြီး ကိုယ်ပေါ်က အဝတ်များ အားလုံး ခြောက်သွေ့သွားခဲ့သည်။

"အစ်ကိုလု.. ကျွန်တော် ပြောသားပဲ... အောက်ကရေက အရမ်းနက်တယ်လို့!"

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now