Arc 3🗡169🗡လုရွှမ် ပျောက်သွားပြီ (ပထမပိုင်း)

201 26 0
                                    

Chapter (169) Arc 3
လုရွှမ် ပျောက်သွားပြီ (ပထမပိုင်း)

လုရွှမ်၏ ဝိညာဉ်သားရဲသည် အစွမ်းထက်သော်လည်း ၎င်းကိုအနိုင်ယူနိုင်သည်ဟု သူထင်သည်။ သူသည် တော်ဝင်အင်ပါယာထဲတွင် နံပါတ် ၁၇တွင် ရပ်တည်နေသောကြောင့် ယုံကြည်မှုလည်း အပြည့်ရှိလေသည်။

"ငါ ဒီကိုလာခဲ့ပြီး ဘာရတနာမှ မရရှိခဲ့ဘူးလို့ ပြောရင် ဘာဖြစ်မလဲ"

လုရွှမ် တစ်ဖက်လူကို လှမ်းကြည့်လိုက်သည်။

"မင်း ဘာမှ မရခဲ့ပင် လွယ်ပါတယ်... ရှေးဟောင်းမြို့ကို ဘယ်လို ဝင်ရမယ်ဆိုတာ သိမှတော့ ဒီရတနာစံအိမ်ကို ဘယ်လိုဝင်ရမယ်ဆိုတာ သိရမယ် မင်းနည်းလမ်းကို ပြောပြရင် မင်းအသက်ကို ငါ ချန်ထား​ပေးနိုင်တယ်!"

ရှောင်းချင်ထျန်းကလည်း ပြန်ပြောလေ၏။

"ဒါဆို မင်းရဲ့ ရည်ရွယ်ချက်က ဒါပေါ့!"

လုရွှမ်က ဟိုးအရင်ကတည်းက မှန်းဆမိထားလို့ သိပ်မအံ့သြသွားဘဲ ပေါ့ပေါ့ပါးပါး ပြုံးလိုက်​လေသည်။

ရှောင်းချင်ထျန်းရဲ့ အမြင်အရ ချိုင့်ဝှမ်းကိုရောက်လာတဲ့ သန်မာသူတွေ အများကြီး ရှိပေမယ့် ရှေးဟောင်းမြို့ထဲကို ဘယ်လို ဝင်ရမှန်းမသိကြပေ။ သူ့ရှေ့က လူငယ်လေးက လူတိုင်းကို ခေါ်ဆောင်သွားနိုင်တဲ့အတွက် ရှေး​ဟောင်းမြို့ အကြောင်းကို သူနားလည်ကြောင်း သက်သေပြရန် လုံလောက်လေသည်။

သူသည် ရှောင်းမိသားစု၏ အကြီးအကဲဖြစ်ပြီး အင်ပါယာ၏ သန်မာသော ထိပ်သီးစာရင်းတွင် ပါ၀င်သော လူတစ်ယောက် အနေဖြင့် သာမန်ရတနာများကို လျစ်လျူရှုထား နိုင်သော်လည်း အရေးကြီးသော ရတနာများ မည်သည့်နေရာတွင် ရှိနေသည်ကို မသိသောကြောင့် လုရွှမ်ကို မြင်သောအခါ အကြံရသွားခဲ့သည်။

သူ၏ ခွန်အားဖြင့် လုရွှမ်တွင် အဖိုးတန် ရတနာများ မရှိကြောင်း အလွယ်တကူ သိမြင်နိုင်သည်။ သူသည် ခက်ခဲအောင် တမင်တကာ လုပ်ခဲ့ခြင်း ဖြစ်သော်လည်း အမှန်တကယ်တော့ သူ့ကို ထိန်းသိမ်းထားရန် အကြောင်းပြချက်များ ပေးနေခြင်းသာ ဖြစ်သည်။

"မှန်တယ်.... မင်းငါ့စကားကို နားထောင်ပြီး ရတနာစံအိမ် ဖွင့်နည်းကို ပြောပြမယ်ဆိုရင် ငါအရင်ကတိအတိုင်း ဖြည့်ဆည်းပေးပြီး မင်းကိုလွှတ်ပေးမယ်... ငါတို့က မိတ်ဆွေကောင်းတွေ ဖြစ်နေတုန်းပါပဲ ဟုတ်ပြီလား!"

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now