Arc 4🗡128🗡ကံဆိုးမှု

75 10 0
                                    

Chapter (128) Arc 4
ကံဆိုးမှု

လုရွှမ် သူ့တံတွေးကို ပြန်သီးပြီး အကြိမ်ကြိမ် ချောင်းဆိုး​နေရ​တော့သည်။

"ဟေ့ အစ်ကိုလုရွှမ်... အဲဒါက ဘာဖြစ်တာလဲ? ပျော်နေရင်တောင် အဲ့လောက် သတိထား နေစရာမလိုဘူးလေ"

လုရွှမ် အသက်ပြင်းပြင်း ရှူပြီး လျန့်ဟုန်ချောင်ကို အမြန် တွန်းထုတ်လိုက်သည်။

"မလိုဘူး...  လုံးဝ မလိုဘူး ငါမင်းဦး​လေးကို ကယ်တင်နိုင်တယ်.... ဒါပေမဲ့ မင်းဦးလေးကို ကယ်တင်ပြီးရင် ငါတို့ တစ်ယောက်နဲ့ တစ်ယောက်ကြားက ကျေးဇူးကြွေးကို ဖျက်လိုက်မယ်.... မင်းငါကို ကယ်ခဲ့တဲ့အတွက် ငါပြန်ဆပ်တာလို့ သဘောထားလိုက်... ဒီကိစ္စကို ထပ်မပြောတော့ဘူး အဆင်ပြေလား?"

လျန့်ဟုန်ချောင်သည် အလွန် ရက်စက်တတ်သော်လည်း သူမသည် ငတုံးမဟုတ်လို့ လျန့်ထျန်းရှန်းကို စိုက်ကြည့်လိုက်ပြီးနောက်

"နင်က ငါ့ကို မ​ကြိုက်တာလား?"

"ပြောစရာ မလိုဘူးထင်တယ်!"

လျန့်ဟုန်ချောင် အံသြသွား၏။ ထိုအခါ လျန့်ထျန်းရှန်းက ဝင်ပြောလာသည်။

"မင်း ဟုန်ချောင်ကို မကြိုက်ရင်တောင် ဒီလောက် အရှက်မဲ့နေစရာ မလိုပါဘူး.... ဘာလဲ ငါတို့ လျန့်မိသားစုက မင်းအတွက် မလုံလောက်လို့လား?"

လုရွှမ် သက်ပြင်းချလိုက်ပြီး

"ကျုပ် သူမကို မကြိုက်ပါဘူး.... ကျွန်တော့်အမြင်အရတော့ သူက ကျုပ်ညီမငယ် တစ်ယောက်လိုပဲ.... ဟုတ်တယ် သူ့က စိတ်အနှောက်အယှက် ဖြစ်စေတယ်... ရိုင်းစိုင်းတဲ့စိတ်နဲ့ ဒေါသတွေပဲ ထွက်နေတာ တွေ့တယ် ဒါပေမဲ့ ဟုန်ချောင်.. ဒီလမ်းတစ်လျှောက် ငါမင်းကို ပစ်ထားခဲ့တာမျိုး ရှိလား?"

"​နောက်ထပ် ဘယ်လောက်ပဲ အန္တရာယ်ရှိပါစေ မင်းရှေ့မှာ ငါရပ်နေမယ်... ဒီသမင်ကိုလည်း ငါမင်းနဲ့ လုနေမှာ မဟုတ်ဘူး.... မင်းမှာ ချို့ယွင်းချက်တွေ အများကြီးရှိပေမဲ့ မင်းကို ငါ့ညီမလေးနဲ့ ဆက်ဆံနေပေမှာ....မင်းဘာသာ ရှုပ်နေတာပဲ မင်းခေါင်းကို ရိုက်တယ် မင်းကိုရိုက်တယ် အဲဒါကို မင်းစိတ်ထဲ တစ်မျိုးခံစားနေရတာ ဟုတ်တယ်မလား?"

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now