Arc 3🗡213🗡ပြိုင်ပွဲစင်မြင့်

193 20 0
                                    

Chapter (213) Arc 3
ပြိုင်ပွဲစင်မြင့်

"မင်းကြားလား? အတွင်းစည်းထဲက နံပါတ်တစ်လူဖြစ်တဲ့ ကျန်းရှောက်ထျန်းက လုရွှမ်ကို စိန်ခေါ်တော့မယ်တဲ့"

"လုရွှမ်ကို စိန်ခေါ်မယ်?"

"လုရွှမ်ရဲ့ ဝိညာဥ်သားရဲက တကယ် အစွမ်းထက်တာကွ! သူ့အစွမ်းကတော့ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်ရဲ့ စတုတ္ထအဆင့်မှာပဲ ရှိသေးတယ်မလား"

"ဟုတ်​တယ်​ သူ့အစွမ်းက သိပ်​မမြင့်​ဘူး!"

"ဒါဆို သူသဘောတူပါ့မလား?"

"သူက စိန်ခေါ်တာကို လက်ခံလိုက်ပြီး ဒီနေ့ ယှဉ်ပြိုင်မယ်တဲ့လေ"

"တကယ်ကြီးလား? ကျန်းရှောက်ထျန်းက ကျောင်းမှာ ကျော်ကြားနေတာ ကြာပါပြီ.... ဒီတစ်ခေါက် လေ့ကျင့်မှုပြီးတော့ သေမျိုး အသွင်ကူးပြောင်းခြင်း အဆင့်၇ကို ရောက်နေပြီလို့ ကြားတယ်.... ဒီလို စွမ်းပကားမျိုးက ကျောင်းရဲ့ အကြီးအကဲတွေနဲ့တောင် ယှဥ်နိုင်နေပြီ... ဒါကို လုရွှမ်က သဘောတူလိုက်တယ်ပေါ့ ဟုတ်လား? ဘယ်လိုဖြစ်တာလဲ?"

"အမှန်ပဲ! ကျန်းရှောက်ထျန်းက အစွမ်းထက်တယ်လို့ မင်းပြောပေမယ့် လုရွှမ်လည်း နိုင်မယ်လို့ ထင်​နေတယ်.... ဒီကောင်လေးက ကျောင်းကို ရောက်တာ မကြာသေးဘူး ဆိုပေမယ့် သူ့ဂုဏ်သတင်းက အရမ်းကြီးနေပြီ... တချို့ကျောင်းသား ဟောင်းတွေတောင် သူ့ကို မယှဉ်နိုင်​ကြဘူးလေ"

ဤဆွေးနွေးမှုများသည် ယင်းယန်ကျောင်းတော် တစ်လျှောက်လုံး ကျယ်ပြန့်စွာ ပျံ့နှံ့လာခဲ့ပြီး ကျောင်းသားများ အားလုံး အတင်းအဖျင်း ပြောနေကြသည့် မိန်းမ​ကြီးများ ကဲ့သို့ပင် ၎င်းတို့၏ လေ့ကျင့်မှုကိုပင် ရပ်တန့်လျက် ဆိုနေကြသည်။

ယင်းယန်ကျောင်းတော်တွင် ကာလကြာရှည် ကျော်ကြားခဲ့သော သန်မာသူ ကျန်းရှောက်ထျန်းသည် ယခုအခါ ဖြတ်ကျော်သွားသောကြောင့် အတွင်းစည်းတွင် နံပါတ်တစ် ပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။

သူ၏ အမျိုးမျိုးသော ဒဏ္ဍာရီများသည် ကျောင်းဝန်း တစ်ခွင်လုံးတွင် ပေါ်လွင်နေပြီး သူ့တွင် မရေမတွက်နိုင်သော သစ္စာရှိ ပရိသတ်များစွာ ရှိသည်။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now