Chapter (1) - အတိတ်မှ အမှတ်တရများ

42.2K 2.9K 86
                                    

Unicode
အပိုင်း(၁)
အတိတ်မှ အမှတ်တရများ

လင်ရွှမ်းဇီ သည်သူ့မျက်လုံးများရှေ့တွင်တောက်ပသောအရောင်များကိုသာမြင်နေရသည်။ မြင်းစီးနေစဉ်မြင်နေရသည့်ရှုခင်းတစ်ခုအားမြင်နေရသကဲ့သို့သူ၏အတိတ်၏မြင်ကွင်းများသည်ရှေ့တွင်တစ်ရိပ်ရိပ်ဖြင့်ပေါ်လာနေသည်။

သူယခုရပ်နေသောနေရာသည် အပုတ်နံ့များ အော်ဂလီဆန်စရာအနံများ နှင့်ပြည့်နေသောမှောင်မိုက် အေးမြသောမြေတွင်းတစ်ခုဖြစ်ပြီး သူ့ရှေ့တွင်တော့ လူသားတစ်ယောက်ပါဟု ကျိန်ဆိုပြောရလောက်အောင် ညှင်းပန်းနှိပ်စက်ခံထားရတဲ့ လူငယ်တစ်ယောက်ရှိနေသည်။ ထိုသူအားကြည့်နေသောသူ၏ပါးပြင်ပေါ်တွင်လည်းမျက်ရည်များကျဆင်းနေလေသည်။

ယန်ထျန်းဟန် !!!

ယန်ထျန်းဟန် သည် သူ၏မမြင်ရတော့သောမျက်လုံးနှစ်စုံအား ဖွင့်လိုက်ပြီး အင်အားအနည်းငယ်သာရှိတော့သည့် အချည်းနှီးဖြစ်နေပြီဖြစ်သော စွမ်းအင်ပတ်လမ်းအားအသုံးပြု၍ အားယူလိုက်ကာ သူ့အားမျက်နှာချင်းဆိုင်လိုက်သည် ထို့နောက်လေးလံသောအသံဖြင့် တစ်ခွန်းချင်းပြောလိုက်လေ၏။

"သတ်လိုက်ပါတော့ ကျေးဇူးပြုပြီးတစ်ခါလောက်တော့သနားညှာတာသောအားဖြင့် သတ်လိုက်ပါ။"

ထိုအချိန်တွင်ဘေးတွင်ရပ်နေသောလူတစ်ယောက်ဆီမှစကားသံထွက်လာသည်။

" ရွှမ်းဇီ , ယန်ထျန်းဟန် က မင်းရဲ့အဖေကိုသတ်ခဲ့တာနော် ပြီးတော့သူကမင်းအတွက်ကံဆိုးမှုတွေကိုပဲဆောင်ကြဉ်းပေးမဲ့ ယန်စွမ်းအင်ပြင်းထန်တဲ့ ခန္တာကိုယ်နဲ့မွေးဖွားခဲ့တာ မင်းအတွက်တော့သူ့ကို ပါးစပ်အပြည့်ထမင်းတလုပ်ကျွေးတာကတောင် အရမ်းကိုသက်ညှာရာကျနေပြီ ဒီကံမကောင်းတဲ့ကောင်စုတ်လေးကို မင်းဘေးမှာထားပြီးပျိုးထောင်ပေးမယ်လို့တော့ငါ့ကိုမပြောနဲ့
သူကကြည့်ကောင်းတယ်ဆိုရင်လည်းထားတော့ အဲ့ဒါဆိုရင် မျက်စိပသာဒဖြစ်အောင်ပျိုးထောင်လို့ရသေးတယ် ဒါပေမဲ့ သူကဒီလောက်ရုပ်ဆိုးတာပြီးတော့ခြေထောက်တစ်ဖက်လည်းဆာနေသေးတယ် သူ့ကိုကြည့်တာနဲ့တင် လူတွေကို ပျို့အန်အောင်ပြုလုပ်နိုင်တဲ့သူကို မင်းဘာဖြစ်လို့ဒီအချိန်ထိပျိုးထောင်ပေးနေတယ်ဆိုတာ ငါတကယ်နားမလည်ဘူး။"

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now