Chapter (22) - ကြည့်ပါစေ

9.8K 1.6K 15
                                    

Unicode

အခန်း (၂၂) - ကြည့်ပါစေ

ထိုရက်စက်သောစကားလုံးများသည် ယန်ထျန်းဟန်၏နားထဲသို့အတားအဆီးမရှိဝင်လာကြသည်။ သူသည်အလွန်ဒေါသဖြစ်ကာ နှင်တံကိုတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားသောကြောင့်တစ်ကိုယ်လုံးရှိအမွှေးများပင်ထောင်လာတော့မတတ်ပင်။

ထိုစဉ် ရထားလုံးလိုက်ကာပွင့်သွားသောကြောင့် ယန်ထျန်းဟန်လှည့်ကြည့်လိုက်သောအခါ လင်ရွှမ်းဇီသည် ရထားထဲမှထွက်ကာသူ့ဘေးတွင်လာထိုင်လိုက်သည်။

ယန်ထျန်းဟန်သည်အလျင်အမြန်ပင် ဘေးဘီကိုဝေ့ကြည့်လိုက်ကာ စိုးရိမ်ပူပန်နေသောမျက်နှာဖြင့်

" အကိုကြီး မြန်မြန်အထဲပြန်ဝင် အကိုကြီးရထားမောင်းသမားနေရာမှာထိုင်နေတာကိုတွေ့ရင်သူတို့ပိုရယ်ကြလိမ့်မယ်"

"အကယ်၍ ငါဒီမှာမထိုင်ဘူးဆိုရင် ငါ့ကို အထင်သေးတဲ့သူတွေမရှိတော့ဘူးလို့မင်း ထင်လို့လား?"

လင်ရွှမ်းဇီက မေးခွန်းမေးလိုက်သည် သို့သော်သူ့မျက်နှာတွင်ဒေါသထွက်နေသောအရိပ်အယောင်လုံးဝမရှိပေ အဲ့ဒီအစား ယန်ထျန်းဟန်၏လက်ထဲမှနှင်တံကိုလက်လွှဲယူလိုက်ကာ

"မင်းတောင်ဒီလိုအလုပ်မျိုးလုပ်နိုင်ရင် ငါကဘာလို့မလုပ်နိုင်ရမှာလဲ?"

" ဒါပေမဲ့.. သူတို့အကုန်လုံး အကိုကြီးကိုကြည့်နေကြတယ်"

" အဲ့ဒါဆိုလည်းကြည့်ပါစေ "

လင်ရွှမ်းဇီသည်ယန်ထျန်းဟန်အားပြုံးပြုံးလေးကြည့်ကာ ပွင့်ပွင့်လင်းလင်းပင်ပြောလိုက်သည်

" မင်းအမြင်မှာ သူတို့အကြည့်က ငါနဲ့မထိုက်တန်ဘူးထင်လို့လား"

ယန်ထျန်းဟန်သည် လင်ရွှမ်းဇီ၏စကားအားချက်ချင်းပင်နားလည်လိုက်သည်။

သူဝန်ခံရပေမည် အရင်တုန်းက လင်ရွှမ်းဇီသည် ဤ ချင်မြို့တော်တစ်ခုလုံးတွင်သူ၏ပြိုင်ဘက်ကင်းသောအလှကြောင့်နာမည်ကြီးသောသူဖြစ်သည်။

သူ၏ ပြစ်မျိုးမှည့်မထင်သော တစ်ခါတွေ့မမေ့နိုင်သည့် မျက်နှာကြောင့်မြောက်များလှစွာသောလူများအား ရင်သက်ရှုမောဖွယ်ဖြစ်စေခဲ့သည်။ အားကြီးသောကျင့်ကြံသူများနှင့်ပြည့်နေသော ကောင်းကင်ဂိုဏ်းကဲ့သို့နေရာတွင်ပင် လင်ရွှမ်းဇီသည် စွဲမက်ဖွယ်အကောင်းဆုံးတည်ရှိမှုဟု သူကြားဖူးသည်။

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now