Chapter(64) - ရွှမ်းဇီရဲ့တန်ပြန်တိုက်စစ်

9K 1.4K 25
                                    

Unicode

အခန်း(၆၄) - ရွှမ်းဇီရဲ့တန်ပြန်တိုက်စစ်

သူဌေးဖုန်းသည်အသက်ကိုပြင်းပြင်းရှူလိုက်သည်။သူ့မျက်လုံးများသည်တောက်ပလာပြီးသက်ပြင်းချလိုက်ကာ

"ဒီခွက်ကိုကြည့်ရတာလုံးဝပြောပလောက်စရာမရှိဘူးသူကဝိုင်ထဲကအညစ်အကြေးတွေကိုစစ်ထုတ်နိုင်စွမ်းရှိပြီးဝန်းကျင်မှာရှိတဲ့ဝိညဉ်ချီတွေကိုတောင်စုဆောင်းနိုင်လိမ့်မယ်လို့ဘယ်သူမှထင်ထားမှာမဟုတ်ဘူးခြားနားချက်နည်းနည်းပဲရှိပေမဲ့သာမာန်သေမျိုးတွေသာဒီခွက်ထဲကဝိုင်ကိုသောက်လို့ရှိရင်ဒီကနေအာဟာရတော်တော်များများရမှာပဲတကယ်လို့ငါသာဒီထဲကိုဝိညာဉ်ဝိုင်ထည့်လိုက်မယ်ဆိုရင်........"

"အဲ့ဒီအရသာ.....သင်ပြောနေစရာတောင်မလိုဘူး" ယန်ထျန်းဟန်သည်လျှာကိုသပ်ကာပြောလိုက်သည်

"ဒီမနက်ကျွန်တော့အကိုကြီးနဲ့ကျွန်တော်ပန်းပေါင်းတစ်ရာဝိုင်ကိုစမ်းကြည့်ပြီးသွားပြီ။သူဌေး...ဘာဖြစ်လို့တစ်ခွက်အရင်ဝယ်သွားပြီးပြန်သွားတဲ့အခါဝိညာဉ်ဝိုင်ကိုထည့်ပြီးအရသာမမြည်းစမ်းကြည့်တာလဲကြိုက်တယ်ဆိုရင်ပြန်လာပြီးခွက်အနည်းငယ်ပိုပြီးဝယ်လို့ရတာပဲလေ"

သူဌေးဖုန်းလည်းကျယ်လောင်စွာရယ်မောလိုက်ကာ

"ဒီကလေးကတော်တော်စီးပွားရေးလုပ်တတ်တာပဲ။ .....အဲ့လိုဆိုရင်လည်းငါဒီမှာရှိတဲ့ဝိုင်ခွက်တွေအကုန်လုံးဝယ်လိုက်မယ်! အရသာကဒုတိယပါဒီခွက်တကယ်အံ့သြဖို့ကောင်းတာကသောက်တဲ့သူတွေကိုပေးနိုင်တဲ့အကျိုးသက်ရောက်မှုတွေပဲ"

"သေရော!! သူဌေးဖုန်းကတကယ်ရက်ရောတာပဲသင်ကရွှေစတစ်ထောင်ကိုဒီလိုပဲလွှတ်ပစ်လိုက်တော့မလို့လား?"

"သူဌေးဖုန်းကျွန်တော့အိမ်မှာလည်းဒီလိုဝိုင်ခွက်အနည်းငယ်ရှိတယ်ဘာလို့နည်းနည်းလောက်မဝယ်တာလဲ?"

"သူဌေးဖုန်းအလိမ်မခံနဲ့ဒီလမ်းမှာရှိတဲ့ဆိုင်တွေမှာရောင်းချတဲ့သူတွေတော်တော်များများကိုကျွန်တော်သိတယ်။ဒီအသစ်နှစ်ယောက်က.....သူတို့ကဒီမှာရောင်းတာပထမဆုံးဖြစ်နေမှာစိုးမိတယ်နောက်တစ်ကြိမ်ပြန်မလာလောက်တော့ဘူး"

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now