Chapter(163) - အဆင့်နှစ်ခုကိုတိုက်ရိုက် ကျော်ဖြတ်သွားခြင်း

5.3K 1.1K 27
                                    

Unicode

အခန်း(၁၆၃)
အဆင့်နှစ်ခုကိုတိုက်ရိုက် ကျော်ဖြတ်သွားခြင်း

နက်မှောင်ပြီးလျို့ဝှက်တဲ့အရောင် တစ်ခုကလင်ရွှမ်းဇီရဲ့မျက်လုံးထဲ ဖြတ်ပြေးသွားခဲ့သော်လည်းချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

လင်ရွှမ်းဇီကယန်ထျန်းဟန်အား တည်ငြိမ်စွာကြည့်လိုက်သည်။

"အားဟန်ပြီးရင်မှတ်မိလာလိမ့်မယ်... မှတ်မိတဲ့အချိန်ကျရင်သာအကိုကြီးကို သေချာပေါက်ပြောပြနော်"

ယန်ထျန်းဟန်ကခေါင်းညိမ့် ပြလိုက်သည်။

"အကိုကြီးရဲ့စကားတွေကိုကြားရတာ ကျွန်တော်စိတ်သက်သာရာရသွားပြီ... ကျွန်တော့ရဲ့ပျောက်ဆုံးနေတဲ့မှတ်ဉာဏ် တွေကသေချာပေါက်ကျွန်တော်ကိုယ့် ခေါင်းကိုရူးကြောင်ကြာင်နဲ့ရိုက်လိုက် မိလို့ဖြစ်မယ်"

လင်ရွှမ်းဇီကသူ့ခေါင်းလေး ကိုပြုံးပြီးပွတ်ပေးလိုက်သည်။

ဒီသုံးရက်အတွင်းမှာကောင်းကင် တောင်ထွတ်မြို့အတွင်းများပြားလှ တဲ့ကောလဟာလများပျံ့နှံ့နေခဲ့သည်။ သူတို့ထဲကနှစ်ခုကတော့အထင်ရှားဆုံး ဖြစ်နေပြီးတစ်ခုကပါရမီရှင်လက်မှု ပညာရှင်တစ်ယောက်တစ်နေရာရာက ထွက်လာကာပိုင်မိသားစုရတနာအကဲ ဖြတ်ပွဲကရတနာလေးခုကိုတစ်ချက် တည်းနဲ့ယူသွားတာပိုင်သခင်လေး ကိုယ်တိုင်တောင်ထွက်လာရတယ်ဆို တဲ့အကြောင်းဖြစ်သည်။

ဒုတိယတစ်ခုကတော့စေတန်နတ်ဆိုး အနွယ်လို့သံသယဖြစ်စရာကောင်းတဲ့ တစ်စုံတစ်ယောက်ကကောင်းကင် တောင်ထွတ်မြို့အနီးယုဒိုင်တောင်ပေါ်မှာ ပေါ်လာကာကောင်းကင်တောင်ထွတ် ဂိုဏ်းမှတပည့်တစ်ချို့ကိုပင်သတ် သွားတယ်ဆိုတဲ့သတင်းဖြစ်သည်။

တစ်ခုပဲ...အဲ့ဒီအခြေအနေကကောင်း ကင်တောင်ထွတ်ဂိုဏ်းကအတည်မပြု ပေးသေးတာကြောင့်လူတော်တော်များ များကအဲ့ဒါကအတုအယောင်ကောလ ဟာလဖြစ်မယ်လို့ယုံကြည်နေကြသည်။

"ဒီသုံးရက်အတွင်းမှာမိသားစုငါးစုက ငါတို့ကိုဖိတ်ကြားလွှာတွေပို့ထားတယ်"

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now