Chapter(144) - ဟွမ်ဖူသခင်လေး

5.7K 1.1K 32
                                    

Unicode

အခန်း(၁၄၄) 

ဟွမ်ဖူသခင်လေး

ဟွမ်ဖူလီယန်းဆိုသည့်သူကတော့ ကူကယ်ရာမဲ့သည့်အမူအယာကိုသာ ဖော်ပြလိုက်ပြီးနောက်ပြန်ဆုတ်လိုက်သည်။

သူကအခြေအနေကိုစီရင်မကြည့်တတ် တဲ့သူတစ်ယောက်မဟုတ်ဘူးလေ။ ဘယ်လိုအခြေအနေပဲဖြစ်နေပါစေ လင်ရွှမ်းဇီရဲ့ဘက်မှာကအင်အား ပိုများတယ်!

ဟွမ်ဖူမိသားစုမှာကသူတို့ကိုကြီးကြပ် သူတစ်ဦးဦးရှိနေသေးတယ်ဆိုပေမယ့် လည်းထိုကြီးကြပ်တဲ့သူကသူဌေးသား များကဲ့သို့ပြုမူသူများကိုအထင်သေး တတ်သူဖြစ်တာကြောင့်သေချာပေါက် ဒီအခြေအနေထဲကိုဝင်ပါမှာမဟုတ်ပေ။

ဟွမ်ဖူချုံးရွှမ်ကဖွီဟုရေရွတ်လိုက်ပြီး အသံဖျော့ဖျော့ဖြင့်ပြောလိုက်သည်။ "လူကြောက်"

ဟွမ်ဖူဂျင်ကတော့သူ့ကိုလျစ်လျူရှု သည့်အကြည့်တစ်ချက်သာပေးလိုက် ပြီးဟွမ်ဖူချုံးရွှမ်ကချက်ချင်းပင်ပါးစပ် ပိတ်သွားကာဘာမှမပြောသလိုဟန် ဆောင်နေတော့လေသည်။

"ဒီကသခင်လေးဟွရောင်ကို ကျွန်တော့်နာမည်နဲ့ဟွမ်ဖူမိသားစု ဆီဖိတ်ခေါ်ခြင်ပါတယ်..ဒီကိစ္စနဲ့ ပတ်သတ်ပြီးသခင်လေးဘယ်လို သဘောထားပါသလဲ?"

ဟွမ်ဖူဂျင်ကထိုစကားကိုပြောလိုက် သည်နှင့်ဟွမ်ဖူနှင့်လင်မိသားစုမှလူများ ကြားတွင်ကြီးမားသည့်ခံစားချက်ကြီး တစ်ခုဖြစ်ပေါ်သွားခဲ့သည်။

ဒီလူကဟွမ်ဖူမိသားစုရဲ့ငယ်ရွယ်သော သခင်ကြီးတစ်ယောက်ဖြစ်ပြီးဟွမ်ဖူဂျင် ရဲ့နာမည်ကလင်ရွှမ်းဇီထက်များစွာ ကျော်ကြားသည်။

ဟွမ်ဖူချုံးရွှမ်သည်လည်းအံ့အားသင့် သွားပြီးမယုံကြည့်နိုင်သည့်ပုံစံဖြင့် ဟွမ်ဖူဂျင်အားစိုက်ကြည့်လိုက်သည်။

"မင်းဘာလုပ်ဖို့ကြိုးစားနေတာလဲ? သူကဒီအတိုင်းတတိယအဆင့်မိသားစု ကနော်ဘယ်လိုများဟွမ်ဖူမိသားစုရဲ့ တံခါးဝကိုဖြတ်သန်းခွင့်ရှိမှာလဲ?ပြီးတော့ လည်းဒီကလေးကငါ့ကိုအရှက်ခွဲထား တာကို!လောင်စန်းမင်းရူးသွားပြီလား?!"

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now