Chapter(116) - ကျင့်ကြံရေးနည်းလမ်းရွေးချယ်ခြင်း

6.7K 1.1K 18
                                    

Unicode

အခန်း(၁၁၆)

ကျင့်ကြံရေးနည်းလမ်းရွေးချယ်ခြင်း

ယန်ထျန်းဟန်၏သေးငယ်သောမျက်နှာလေးမှာစိတ်ရှုပ်ထွေးသွားပုံပေါ်နေပြီးပြောလိုက်သည်။

"ဒါပေမဲ့ကျွန်တော်တို့ရဲ့ကျားပေါက်လေးတစ်ကောင်ကိုအားပိုင်လို့ခေါ်ပြိးနေပြီလေတကယ်လို့ကျွန်တော်တို့သူ့ကိုဒီလိုခေါ်မယ်ဆိုရင်အကြိမ်ကြိမ်ခေါ်သလိုဖြစ်နေမှာပေါ့

"......မင်းသူ့ကိုအားဂုလို့ခေါ်လို့ရတာပဲ"

ယန်ထျန်းဟန်ကနောက်တစ်ခါလက်ခုပ်ထတီးပြန်သည်။

"ဒါလည်းနာမည်ကောင်းပဲ"

"........."

လင်ရွှမ်းဇီမှာသူ့နှဖူးကိုသာကိုင်လိုက်တော့သည်။

"ဒါဆိုလည်းဒီအတိုင်းချီဂုလို့ပဲထားလိုက်ကြတာပေါ့မင်းသူ့ကိုအားဂုလိုပဲ့ခေါ်မယ်ဆိုရင်တစ်ခုခုလွဲနေတယ်ဆိုတာဘယ်သူမှသတိထားမိမှာမဟုတ်တော့ပါဘူး"

ယန်ထျန်းဟန်ကသက်ပြင်းချလိုက်သည်။

"အဲ့ဒါအမှန်ပဲ....သူအရိုးအဖြူတွေအဖြစ်ပြောင်းတော့မယ်လို့တွေးလိုက်မိတိုင်းကျွန်တော်သူ့ကိုလက်ရှိပုံစံကိုပဲဆက်ထိန်းထားစေခြင်တယ်"

ချီဂုဆိုတဲ့နာမည်ကပိုကောင်းပါတယ်လေ

မကြာခင်မှာပဲသူတို့သည်ကျင့်ကြံရေးနည်းလမ်းစံအိမ်သို့ရောက်ရှိလာခဲ့ကြသည်။

ယန်ထျန်းဟန်နှင့်လင်ရွှမ်းဇီကလွဲရင်တစ်ခြားလင်မိသားစုမှမိသားစုတစ်ရာစုဝေးပွဲမှာပါဝင်မည့်ကျောင်းသားများအားလုံးရောက်ရှိနေကြပြီဖြစ်သည်။သူတို့နှစ်ယောက်ကနောက်ဆုံးရောက်သည့်သူများဖြစ်၏။

လင်ရဲ့အာကလင်ရွှမ်းဇီအားတွေ့သောအခါသူမမျက်နှာကသိသိသာသာဖြူဖျော့သွားပြီးအသံကိုလျော့ကာဒေါသဖြင့်ပြောလိုက်သည်။

"နင်တို့နှစ်ယောက်ငါ့အစ်ကိုကိုဘာလုပ်လိုက်ကြတာလဲ?"

သူမ၏အသံကတစ်ခြားသူများ၏အာရုံကိုဆွဲယူသွားတော့သည်။

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now