Chapter(20) - အားပိုင်နှင့်စည်းနှောင်စာချုပ်ချုပ်ဆိုခြင်း

10K 1.7K 26
                                    

Unicode

အခန်း(၂၀) အားပိုင်နှင့်စည်းနှောင်စာချုပ်ချုပ်ဆိုခြင်း

ယန်ထျန်းဟန်သည် စိတ်ရှုပ်ထွေးသွားသည့်ပုံစံဖြင့်မျက်လုံးအားပုတ်ခက်ပုတ်ခက်လုပ်ပြီး

" ကျွန်တော်တို့မိသားစုရဲ့ အားပိုင်လေးကို အရေခွံမခွာပါဘူး ပြီးတော့ သူကဒီလောက်သေးသေးလေးကို တစ်ယောက်ယောက်ကိုသွားကိုက်ရင်တောင် သွားရာထင်မှာမဟုတ်ဘူး အားဘိုင်ကကျွန်တော့ကိုကာကွယ်ပေးဖို့မလိုပါဘူး"

သို့သော်လင်ရွှမ်းဇီ၏ဆုံးဖြတ်ချက်သည်အလွန်ပင်ခိုင်မာနေသောကြောင့်

" အဲ့ဒါဆိုအကယ်လို့မင်းသူနဲ့ စာချုပ်မချုပ်ချင်ရင် ငါနဲ့ချုပ်ရမယ်"

ကျားပေါက်လေးသည်ဝမ်းနည်းကြေကွဲစွာအော်ဟစ်ရင်းဖြင့် လင်ရွှမ်းဇီ ၏လက်ထဲမှရုတ်တရက်ခုန်ချလိုက်ပြီး ယန်ထျန်းဟန်၏ပုခုံးပေါ်သို့ခိုးကြောင်ခိုးဝှက်တက်သွားကာ

<ကောင်းပြီ ကောင်းပြီ အရှုံးပေးတယ် လွတ်လပ်ခွင့်တွေပျောက်ဆုံးပြီး ကျားအရေခွံဘဝရောက်တာထက်စာရင် ပြတ်ပြတ်သားသား လူဟောင်းကိုပဲရွေးချယ်တော့မယ်, OK!!>

ကျားပေါက်လေးမှာ လည်ပင်းအား အားနှင့်ကိုက်လိုက်သောကြောင့် ယန်ထျန်းဟန်မှာစကားပြောဆိုရန်နှင့်တုန့်ပြန်ရန်ပင်အချိန်မရှိတော့ပေ။

" အားပိုင် မင်းဘာလုပ်တာလဲ??"

ယန်ထျန်းဟန်မှာ အားပိုင်ကလူတွေအားကိုက်သည့်မြင်ကွင်းကို လင်ရွှမ်းဇီ မြင်သွားလျှင် မကျေမနပ်ဖြစ်ကာ အားပိုင်အားမရောင်းတော့မည့်ဆုံးဖြတ်ချက်အား ပြောင်းလိုက်မည်ကိုအလွန်ပင်ကြောက်လန့်သွားရသည်။

သို့သော် အားပိုင်ကသူ့အားကိုက်ပြီးသွားသောအခါ သူ့နှဖူး၏အလည်တည့်တည့်တွင် သွေးစက်အနည်းငယ်ထွက်ပေါ်လာပြီး ရုတ်တရက်ပင် အလွန်ကိုထူးဆန်းစွာဖြင့် စာချုပ်ပါအချက်အလက်များသည် ယန်ထျန်းဟန်၏ အသိစိတ်ထဲတွင် ပေါ်လာသည်။

စာချူပ်အသစ်တစ်ခုသည် သူ့အသိစိတ်ထဲသို့ပေါင်းစပ်လိုက်ပြီးထိုအရာသည် ကောင်းကင်၏ဥပဒေနှင့်စည်းမျဉ်းများနှင့်ညီမျှသည်။ ထို့နောက်ချက်ချင်းပင်ပြန်လည်ပျောက်ကွယ်သွားပြီး ထိုနေရာတွင်အစားထိုးလာသည့်အရာကတော့ ကျားဖြူလေးနှင့်ပုံနှိပ်လိုက်သောအရာ သည်သူ့အသိစိတ်ထဲတွင်ကူးခက်နေခြင်းကိုပင်ဖြစ်သည်။

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now