Chapter(155) - ရတနာအကဲဖြတ်ပွဲစတင်ပြီ

4.7K 1K 39
                                    

Unicode

အခန်း(၁၅၅) - ရတနာအကဲဖြတ်ပွဲစတင်ပြီ

လန်ဂျီရွှယ်ကအလွယ်တကူသဘောတူ လိုက်တာကိုကြည့်ပြီးဟွမ်ဖူဂျင်က
အနည်းငယ်သက်သာရာရသွားရ သည်။သူကခေါင်းကိုညိမ့်ပြလိုက်၍ ပြန်ပြောလိုက်၏။

"စီနီယာအရင်သွားနှင့်ပါကျွန်တော် လည်းဂိုဏ်းကိုပြန်လာခဲ့မယ်"

"ကောင်းပြီလေ"

လန်ဂျီရွှယ်ကလက်ဟန်ခြေဟန်ပြလိုက် ပြီးလင်ရွှမ်းဇီအားပြုံးကာမျက်လုံး တစ်ချက်မှိတ်ပြလိုက်၍ပြောလိုက်သည်။

"ထပ်တွေ့ကြမယ်နော်"

သူကပြောပြီးသည်နှင့်အဖြူရောင် ဝိညာဉ်ကြိုးကြာအားလှမ်းခေါ်၍ ကြိုးကြာကျောပေါ်သို့ခုန်တက် သွားတော့လေသည်။

ဝိညာဉ်ကြိုးကြာကသူ့အတောင်ပံ များကိုဖွင့်ဟလိုက်ပြီးကောင်းကင်ယံ သို့ပျံသန်း၍တက်သွားကာအဖြူရောင် သဏ္ဍာန်ကိုသာချန်ထားရစ်ခဲ့သည်။

လန်ဂျီရွှယ်ပြန်သွားပြီးသည့်အခါဟွမ်ဖူဂျင် ကလင်ရွှမ်းဇီအားနက်ရှိုင်းသောအကြည့် ဖြင့်ကြည့်လိုက်ပြီးအနည်းငယ်ကွာဝေး သောနေရာတွင်ရပ်နေသည့်ဂျီယွန်ဝေကို စကားလှည့်ပြောလိုက်သည်။

"သခင်လေးဂျီ...သခင်လေးနဲ့မိတ်ဆွေလင် ကတစ်ယောက်နဲ့တစ်ယောက်သိနေကြ တာလား?"

ဂျီယွန်ဝေကခေါင်းညိမ့်ပြလိုက် ပြီးပြန်ဖြေလိုက်၏။

"ဟုတ်တယ်...ခင်ဗျားတို့နှစ်ယောက် လည်းတစ်ယောက်နဲ့တစ်ယောက်သိ နေကြတယ်မှတ်လား...မနေ့ကမြို့တံခါး ဝမှာဖြစ်ခဲ့တာကိုကျုပ်ကြားထားသေးတယ်"

ဟွမ်ဖူဂျင်ကသူနဲ့လင်ရွှမ်းဇီကြားက ဆက်သွယ်မှုကိုဂျီယွန်ဝေအားဖုန်း ကွယ်ခြင်းမရှိပဲခေါင်းညိမ့်ပြလိုက် ပြီးအေးစက်စွာပြန်ဖြေလိုက်သည်။

"ခင်ဗျားလည်းအဲ့ဒီအကြောင်းကို သိပြီးသားဆိုတော့သခင်လေးဂျီ ကိုတောင်းဆိုပါရစေ....ကျေးဇူးပြုပြီး မိတ်ဆွေလင်ကိုကျုပ်ဟွမ်ဖူဂျင်ကဘယ် လိုလူမျိုးလည်းဆိုတာပြောပြပေးလိုက်ပါ"

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now