Chapter(72) - တစ်ယောက်ယောက်၏ကျေးဇူးကြွေးကိုပြန်ဆပ်ခြင်း

8.1K 1.5K 187
                                    

Unicode

အခန်း(၇၂) - တစ်ယောက်ယောက်၏ကျေးဇူးကြွေးကိုပြန်ဆပ်ခြင်း

သွမ့်ယွီယန်သည်သမင်အား,ဆီမစွန်းနိုင်သည့်ပါးလွှာသောပိုးထည်လက်အိတ်တစ်စုံအားဝတ်ဆင်၍ကိုင်တွယ်နေရင္းေျပာလိုက္သည္။

"သူကဒီသမင်ကိုတိုက်ခိုက်ဖို့ကျောက်တုန်းတုတွေကိုလက်နက်တစ်ခုအနေနဲ့ဘယ်လိုအသုံးချခဲ့တယ်ဆိုတာမင်းမြင်ခဲ့ရင်မင်းလည်းပြောနိုင်မှာပါ"

ထို့အပြင်အသုံးပြုရလွယ်ကူရန်ပြုလုပ်ထားသောကျောက်တုန်းတုများကိုအသုံးပြုရန်အတွက်အသုံးပြုသူသည်ကောင်းကင်ကိုငြင်းဆန်သောပါရမီရှင်ဖြစ်ရမည်သို့မဟုတ်ပါကအနည်းဆုံးကောင်းကင်ကိုငြင်းဆန်နိုင်သောအဆင့်ရှိရမှာဖြစ်သည်။

ထင်ရှားသည်မှာလင်ရွှမ်းဇီသည်ယခင်ကတည်းကဖြစ်နိုင်သည်။

အကယ်၍သူသာသာမာန်လက်မှုပညာရှင်အဖြစ်ပြောင်းလဲသွားသည်ဆိုရင်ဟန်ယူရန်အတွက်များစွာအရေးမကြီးသော်လည်းအကယ်၍သူသာကောင်းကင်ကိုငြင်းဆန်နိုင်သည့်ပါရမီရှင် လက်မှုပညာရှင်အဖြစ်သို့ပြောင်းလဲသွားသည်ဆိုပါကကျိန်းသေမှတ်သားထားရန်ထိုက်တန်သောသူတစ်ယောက်ဖြစ်သည်။

သွမ့်ယွီယန်: : ".........."

ဘယ်လိုပဲဖြစ်ဖြစ်သွမ့်ယွီယန်သည်သွမ့်မိသားစု၏သခင်လေးတစ်ယောက်ဖြစ်သည်။ထို့ကြောင့်လက်မှုပညာရှင်တစ်ယောက်အားသူ့ဘက်သို့ဆွဲခေါ်နိုင်မည့်အခွင့်အရေးအားလုံးဝလက်လွှတ်မည်မဟုတ်ပေ။

လင်ရွှမ်းဇီသည်သခင်၏ဦးချိုနှစ်ချောင်းအားကြည့်ကာဖြတ်တောက်၍အိတ်ထဲထည့်သိမ်းထားလိုက်တော့သည်။

ယန်ထျန်းဟန်သည်မျက်တောင်တစ်ဖြတ်ဖြတ်ခတ်ကာသိချင်စိတ်ဖြင့်မေးတော့သည်

"အကိုကြီးအဲ့ဒီသမင်ဦးချိုတွေကဘာသုံးလို့ရလဲ?"

"ဒါတွေကိုနက်ရှိုင်းကောင်းကင်မြို့မှာပစ္စည်းတစ်ချို့နဲ့လဲလှယ်လို့ရတယ်လေ။အရက်နဲ့စိမ်တာပဲဖြစ်ဖြစ်လက်မှုပစ္စည်းလုပ်ဖို့အတွက်ကုန်ကြမ်းအနေနဲ့ပဲဖြစ်ဖြစ်ငါတို့ဒါတွေကိုကိုယ့်ဘာသာကိုယ်သုံးဖို့လဲသိမ်းထားလို့ရတယ်"

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now