Chapter(129) -ရိုက်ချက်အကြီးကြီးကိုရရှိလိုက်တယ်

6.1K 1.1K 28
                                    

Unicode

အခန်း(၁၂၉)
ရိုက်ချက်အကြီးကြီးကိုရရှိလိုက်တယ်

စိတ်ဝိညာဉ်ကိုသန့်စင်ဆေးကြောခြင်းသည် ခြောက်သွေ့ပြီးနာကျင်မှုကိုပါ နှစ်မျိုးလုံးခံစားရသောလုပ်ငန်းစဉ် ဖြစ်သော်လည်း လူတိုင်းလုပ်ကိုလုပ်ရမည့် လမ်းကြောင်းဖြစ်သည်။

ပြီးတော့လည်းလင်ရွှမ်းဇီဆီမှာလုံလောက်အောင်များပြားတဲ့အရာကသည်းခံခြင်းပဲဖြစ်သည်။

သူကအချိန်တိုအတွင်းသူ့ရဲ့ကျင့်ကြံဆင့်ကို လျင်မြန်စွာမမြှင့်တင်ရသည့် အကြောင်းပြချက်နှစ်ချက်ရှိသည်။ ပထမတစ်ချက်ကသူ့ရဲ့အခြေခံအုတ်မြစ်ကိုတည်ငြိမ်စေရန်ဖြည်းဖြည်းခြင်း လုပ်ဆောင်ခြင်သောကြောင့်ဖြစ်ပြီး ဒုတိယတစ်ချက်ကတော့ ထင်ပေါ်ကျော်ကြားခြင်းကလူတွေရဲ့အာရုံကိုဆွဲဆောင်နိုင်လို့ဖြစ်သည်။သူကအခက်အခဲအမျိုးမျိုးကိုမြည်းစမ်းခဲ့ပြီးပြီဖြစ်တာကြောင့်ယခုသူလုပ်ချင်သည့်အရာကမှန်မှန်လေးတိုးတက်ဖို့သာဖြစ်လေသည်။

သူကဘာမဟုတ်တာကို မစိုးရိမ်ရလောက်အောင် သန်မာလာသည်အထိ အလျင်မလိုပဲမလိုလားအပ်သော အာရုံများကိုဆွဲဆောင်မည်မဟုတ်ပေ။

《အာရေဗီယန်လက်မှုကျင့်ကြံခြင်းလက်ဆွဲ》စာအုပ်ထဲတွင်အထက်တန်းအဆင့် လက်မှုပညာလက်စည်းတံဆိပ်များနှင့် လက်မှုအတတ်နည်းစနစ်များမရှားပါးပေ။လင်ရွှမ်းဇီကဒီလိုဆေးလုံးမီးဖိုလိုအရာမျိုးကိုတော့အတော်လေးအကျွမ်းတဝင်ရှိသည်။ ထို့ကြောင့်သူ့ရဲ့ဝိညာဉ်အဆင့်ကို မြှင့်တင်သည့်ရင်းဖြင့်သူ့ရဲ့မီးဝိညာဉ်နှင့် ကျောက်တုန်းတုများကိုပါအသုံးပြုပြီး မီးတောက်တိမ်တိုက်ကျောက်တုန်းအား တစ်ချိန်တည်းမှာပဲသန့်စင်လိုက်သည်။ လင်ရွှမ်းဇီကမီးတောက်တိမ်တိုက်ကျောက်တုန်းအပြင်ဆေးမီးဖိုကိုလျှို့ဝှက်စွာပြုလုပ်ရန်အခြားလိုအပ်သောပစ္စည်းများအားလုံးကိုလည်းပြင်ဆင်ထားပြီးနေပြီဖြစ်၏။ယန်ထျန်းဟန်နှင့်ပတ်သတ်သောအရာအားလုံးကသူအလွန်အလေးထားသောကိစ္စရပ်များဖြစ်ပြီးသူ့ရဲ့နှလုံးသားထဲမှာလည်းပထမဦးစားပေးကိစ္စများသာဖြစ်သည်။

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now