Chapter(55) - ခန်းမထဲမှအော်ဟစ်သံ

8.5K 1.4K 19
                                    

Unicode

အခန်း(၅၅) - ခန်းမထဲမှအော်ဟစ်သံ

လင်ရွှမ်းဇီသည်မူးနောက်နောက်ဖြစ်နေသည်များအားဖယ်ရှားလိုက်ကာသူ့ရင်ထဲရှိမကောင်းသောအကြံအစည်များအားချိုးနှိမ်လိုက်သည်။ထို့နောက် မျက်လုံးထဲတွင်ကြောက်လန့်နေသည့်အမူအယာအားမထိန်းချုပ်နိုင်သည့်ယန်ထျန်းဟန်အားနွေးထွေးစွာစိုက်ကြည့်လိုက်ကာ

"တကယ်လို့အားဟန်ဒီနေရာကိုမကြိုက်ဘူးဆိုရင် ဝင်သွားစရာမလိုဘူး ဒီအတိုင်းအပြင်မှာပဲစောင့်နေလဲရတယ်။ အချိန်တိုအတွင်းပြန်လာမယ်လို့အကိုကြီးကတိပေးတယ်"

ယန်ထျန်းဟန်သည်သူ့ရင်ထဲရှိထိန်းချုပ်မရအောင်ကြောက်လန့်နေသည့်စိတ်အားဖိနှိပ်လိုက်ကာအလျင်အမြန်ပင်ခေါင်းခါလိုက်သည်။

"ဟင့်အင်း..ကျွန်တော်အကိုကြီးနဲ့တူတူဝင်မှာ။ ပြီးတော့ကျွန်တော်ဒီနေရာကိုမကြိုက်တာမဟုတ်ဘူး.....ဒါပေမဲ့.....ကျွန်တော်လဲဘာလို့လဲမသိဘူး ဒီနေ့ဥပဒေစိုးမိုးရေးခန်းမဆောင်ရဲ့တံခါးကိုတွေ့တော့ရုတ်တရက်ကြီးကြောက်လန့်မှုနဲ့ထိတ်လန့်မှုကိုခံစားလိုက်ရတယ်"

လင်ရွှမ်းဇီရင်ထဲတွင်သက်ပြင်းကြီးကြီးချလိုက်မိတော့သည်။

သူသည်ကမ္ဘာပြောင်းမှန်အားပြုပြင်ရာတွင်အကောင်းဆုံးကြိုးစားခဲ့သော်လည်းအတိတ်ကိုလုံးဝမဖျက်နိုင်သေးပေ။

ဘဏ္ဏာရေးမှူးဂျောင်သည် အေးစက်စွာဖြင့်

"ဟွန့်....ဥပဒေစိုးမိုးရေးခန်းမဆောင်ကမင်းဝင်ချင်တိုင်းဝင်ထွက်ချင်တိုင်းထွက်လို့ရတဲ့နေရာများမှတ်နေလားလင်မိသားစုကလူပဲခန်းမဆောင်ထဲဝင်လို့ရတယ်မင်းကဒီအတိုင်းလမ်းပေါ်ကကောက်လာတဲ့အပြင်လူသက်သက်ပဲ အဲ့ဒါကြောင့်အပြင်မှာပဲစောင့်နေ"

လင်ရွှမ်းဇီသည်ဘဏ္ဏာရေးမှူးဂျောင်အားအေးစက်စွာလှမ်းကြည့်လိုက်သည်ထို့နောက်သိုလှောင်အိတ်ထဲမှ နူးညံ့သည့်ပုံစံဖြင့်တူသေးသေးလေးအားဆွဲထုတ်လိုက်ပြီးယန်ထျန်းဟန်အားပေးလိုက်ကာ

"အားဟန် ဒါကအဖေငါ့အတွက်ချန်ထားခဲ့တဲ့မြေလွှာဖောက်ထွင်းတူပဲ သူ့မှာကန့်သတ်ချက်တစ်ခုတော့ရှိတယ် အဲ့ဒါကြောင့်ဒါကဒွမ်ဂုမြေကကျင့်ကြံသူတစ်ယောက်ရဲ့အားနဲ့ညီမျှတဲ့တုန်လှုပ်စေနိုင်လောက်တဲ့အားကိုအများဆုံးခုနှစ်ကြိမ်ပဲသုံးနိုင်တယ်။ မင်းပျင်းနေတဲ့အချိန်ပဲဖြစ်ဖြစ် ဒါမှမဟုတ်မင်းမျက်လုံးနဲ့မတွေ့တဲ့သူရှိရင်ပဲဖြစ်ဖြစ်ဒီအတိုင်းဒီတူကိုဟိုမဆင်မခြင်ပြောတဲ့တံခါးစောင့်ကိုအကိုကြီးရိုက်လိုက်သလိုမျိုး အဲ့လူရဲ့ခေါင်းကိုသာပစ်လွှတ်လိုက်။ ကျိန်းသေပေါက်မင်းနှလုံးသားကနူးညံ့နေလို့မရဘူး"

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now