Chapter (19) - ကျားအရေခွံ

9.7K 1.7K 21
                                    

Unicode
အခန်း(၁၉) - ကျားအရေခွံ

"အကိုကြီး !!! "

ယန်ထျန်းဟန်သည် ဝင်ပေါက်တွင်ရပ်နေသော လင်ရွှမ်းဇီအားတွေ့လိုက်သောအခါချက်ချင်းပင်လှမ်းခေါ်လိုက်ပြီး တောက်တောက်ပပ ပြုံးလိုက်ကာ ပြေးနှုန်းကိုတိုးလိုက်သည်ထို့နောက် ရွှင်မြူးနေသောအသံဖြင့်

" ကျွန်တော် အားပိုင် ကို တောင်အနောက်ကနေသွားခေါ်နေတာ"

အားပိုင်သည် ယန်ထျန်းဟန်၏ဘောင်းဘီပေါ်သို့ခုန်တက်လိုက်သည်။ ထိုအခါ အားပိုင်အားဆွဲယူ၍ လက်ဖြင့်ပွေ့ချီကာ ချစ်ခင်ကြင်နာစွာဖြင့် သူ့မေးစေ့လေးဖြင့် အားပိုင်၏နူးနူးညံ့ညံ့ ခေါင်းလေးအားပွတ်လိုက်ပြီး

" ဘာဖြစ်လို့လဲ အဲ့ဒါအကိုကြီးလေ မမှတ်မိဘူးလား?"

အားပိုင်သည် ယန်ထျန်းဟန်၏ လည်ပင်းတစ်ဝိုက်တွင် သူ့ကိုယ်သူ ရစ်ပတ်နေလိုက်ပြီး သူ၏ ပန်းရောင်လျှာလေးဖြင့် အကြိမ်အနည်းငယ်လျှက်နေသည်။ ထို့နောက်သူ့ခေါင်းအား ထောင်လိုက်ကာ လင်ရွှမ်းဇီဘက်လှည့်၍ မာန်ဖီလိုက်သည်။

ယန်ထျန်းဟန်သည်အနည်းငယ်ရှက်သွားပြီး

"အကိုကြီး အားပိုင်က ဒီလိုတစ်ခါမှမလုပ်ဘူးပါဘူး ကြည့်ရတာသူ........ တောင်ကုန်းသေးသေးကျဉ်းကျဉ်းလေးထဲမှာတစ်ညလုံးနေလိုက်ရလို့ဖြစ်မယ် အဲ့ဒါကြောင့် သူ့စိတ်တွေ မကောင်းဖြစ်နေလို့ပါ"

အားပိုင်က ယန်ထျန်းဟန်အားချက်ချင်းကုတ်လိုက်သည် : : <အဲ့ဒါကြောင့်မဟုတ်ဘူး!!!>

သို့သော်လင်ရွှမ်းဇီသည်ကျားပေါက်လေးဤသို့ဖြစ်နေသည့်အကြောင်းအရင်းအားသိနေသည် ထို့ကြောင့် အေးဆေးစွာဖြင့်ပင်

"ဒါက ကျားဖြူသားရဲ လေ သူတို့ရဲ့ ဝိညာဉ်အသိအမြင်က အပြည့်အဝ အစပြိုးပြီး မပြောင်းလဲသေးဘူးဆိုပေမယ့် သူ့ရဲ့ထောက်လှမ်းရေးအသိညာဉ်က လူသားကလေးတစ်ယောက်လောက်တော့ရှိတယ် ကြည့်ရတာအားဘိုင်က သူ့ညီလေးကိုမင်းရောင်းလိုက်တာငါ့ကြောင့်ဆိုတာသိနေတယ်ထင်တယ်။ အဲ့ဒါကြောင့်ငါ့ကို မာန်ဖီနေတာ"

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now