Chapter (41) - မဖိတ်ကြားထားဘူး

8.6K 1.4K 30
                                    

Unicode

အခန်း(၄၁) - မဖိတ်ကြားထားဘူး

"မင်း!! ဟွန့် ဘယ်လောက်တောင်သတ္တိရှိလိုက်တဲ့ကောင်လေးလဲ၊ ငါ့ကိုရိုင်းစိုင်းတယ်လို့ပြောရဲတယ်ပေါ့လေ ?"

သွမ့်ဒုတိယအကြီးအကဲသည် ဟန်ဝူယွင္အားသူ့စိတ်ထဲလုံးဝမရှိသည့်အပြင် စိတ်ဆိုးဒေါသထွက်နေသောကြောင့် ချက်ချင်းပင်လက်ဝါးရိုက်ချက်တစ်ချက်အားပို့လွှတ်လိုက်သည်။

"သတိထား!!!"
ယွမ်ထျန်းဝမ်သည်မျက်မှောင်ကြုံ့ကာချက်ချင်းပင်ထိုအနားသို့ရောက်ရှိသွားသည်။ သူ့တစ်ကိုယ်လုံးရှိချီစွမ်းအင်အားလက်စည်းတံဆိပ်ဖော်၍စုစည်းလိုက်ကာ ဒုတိယအကြီးအကဲ၏လက်ဝါးရိုက်ချက်အားဝင်ခံလိုက်၏။

"ဝုန်း!!!"

အသံနှင့်အတူ ထုံးကျောက်ဖြင့်ပြုလုပ်ထားသော 10,000 ကတ်တီမျှထူထဲသည့်ကြမ်းပြင်သည် အပိုင်းပိုင်းအစစဖြစ်ကာပေါက်ကွဲထွက်သွားတော့သည်။

လူအများ၏မျက်နှာတွင်တုန်လှုပ်ခြောက်ခြားမှုများဖြစ်ပေါ်သွားကာ နောက်လှည့်ရှောင်ရှားကြတော့သည်။

ယွမ်ထျန်းဝမ်သည်မြေပြင်သို့ဖြည်းငြင်းစွာဆင်းသက်လိုက်သည်။သို့သော် သူ့နှလုံးသားအနက်ရှိုင်းဆုံးနေရာရှိသွေးများနှင့်ချီစွမ်းအင်များမှာတော့ ပြင်းပြင်းထန်ထန်ခံစားလိုက်ရ၏။ သူကဘယ်လိုပဲ သူ့မျိုးဆက်တွင်ခေါင်းဆောင်တစ်ယောက်ဖြစ်သည်ဟုဆိုသော်လည်း ဒုတိယအကြီးအကဲနှင့်ယှဉ်လျှင်အဆင့်ချင်းအလွန်ကွာသေးသည်။သူသည် ဒုတိယအကြီးအကဲ၏လက်ညှိုးလေးတစ်ချောင်းတောင်ရွေ့အောင်မလုပ်နိုင်ပေ။

ယွမ်ထျန်းဝမ်သည်လက်နှစ်ဖက်အားဆုပ်လိုက်ကာ

"သွမ့်ဒုတိယအကြီးအကဲ ကျေးဇူးပြုပြီးစိတ်လျှော့ပါ အကယ်၍ ကျွန်တော်ထျန်းဝမ်ကအမှားတစ်ခုခုလုပ်မိရင် ကျွန်ုတော့ရဲ့အမှားများအတွက်အကြံပေးစေလိုပါတယ် ဒါပေမဲ့ဒီနေ့က ယူရန်ရဲ့မွေးနေ့မို့လို့ကျေးဇူးပြုပြီးသက်ညှာပေးစေလိုပါတယ်"

ဟန်ယူရန်၏မျက်နှာသည်အစိမ်းရောင်သို့ပြောင်းနေပြီဖြစ်သည်။ သူသည်မျက်လုံးများအားကျဉ်းမြောင်းကာ သွမ့်ဒုတိယအကြီးအကဲအား အေးစက်စွာစိုက်ကြည့်လိုက်သည်။

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now