Chapter(66) - သုံးနှစ်တာကတိ

9.8K 1.4K 61
                                    

Unicode

အခန်း(၆၆) - သုံးနှစ်တာကတိ

ထိုတိုင်ယန်ကျောက်အိုးသည်တိုက်ကြီးငါးတိုက်လုံးတွင်တစ်ခုတည်းသောထိပ်တန်းအဆင့်မှော်ရတနာပစ္စည်းတစ်ခုဖြစ်သည်။ ပုံမှန်အားဖြင့်တိုက်ကြီးငါးတိုက်ရှိလူများသည်အကောင်းဆုံးအနေဖြင့်ဝိညာဉ်အဆင့်ရတနာပစ္စည်းကိုသာတွေ့ဘူးကြသောကြောင့်တိုင်ယန်ကျောက်အိုးအားပြန်ပြင်နိုင်မည့်သူသည်လက်နှစ်ဖက်ဖြင့်ရေတွက်၍ရနိုင်၏။

ထို့အပြင်ထိုလူများထဲမှလည်းထိပ်တန်းအဆင့်မှော်ပစ္စည်းအားရှာဖွေတွေ့ရှိလိုက်သည်နှင့်လိုချင်တပ်မက်စိတ်ဖြင့်သွေးဆောင်ခံရနိုင်သည်။တကယ်လို့သူတို့မှာထိုသို့စိတ်မျိုးမရှိဘူးဆိုရင်တော့ထိုလူများသည်လူသိများကျော်ကြားသောသူများဖြစ်မှာဖြစ်လိမ့်မည်။

ဤလောကတွင်အခြားသူများပြုလုပ်ထားသောကိရိယာများအားပြန်ပြင်ရသည်မှာကိုယ်တိုင်ကိရိယာများအားတည်ဆောက်ခြင်းထက်အဆတစ်ရာပိုခက်ခဲ၏။

လက်မှုပညာရှင်များသည်ဤကဲ့သို့သောထိပ်တန်းမှော်ရတနာပစ္စည်းမျိုးကိုပြန်လည်ပြုပြင်ရန်ကြိုးစားမှုမှာပို၍ပင်နည်းနိုင်ဖွယ်ရှိသည်။

ကျော်ကြားသောလက်မှုပညာရှင်များသည်သူတို့ကိုယ်ပိုင်အမွှေးအတောင်များကိုသာနှစ်သက်ကြပြီးတစ်ခြားသူများ၏ကိရိယာပစ္စည်းများကိုပြုပြင်ပေးရန်အလွယ်တကူလက်မခံတတ်ကြပေ။အကယ်၍သူတို့မအောင်မြင်ခဲ့ပါကဂုဏ်သိက္ခာကျဆင်းမှု၏အကျိုးဆက်အားခံစားကြရမှာဖြစ်ပြီးသူတို့ကျင့်ကြံခြင်းကိုပါသက်ရောက်မှုရှိနိုင်တာဖြစ်သည်။

ဂျီလန်ဂျွန်းသည်ထိုကျောက်အိုးအားပြုပြင်ရန်တိုက်ကြီးငါးတိုက်လုံး၏ပြည်မကြီးတွင်ရှိသောလက်မှုပညာရှင်များအားလိုက်ရှာခဲ့သော်လည်းမည်သူမျှထိုအလုပ်အားလက်ခံရန်ဆန္ဒမရှိကြပေ။

ဒါပေမဲ့လင်ရွှမ်းဇီကထိုအိုးအားပြုပြင်ရန်သုံးနှစ်သာလိုသည်တဲ့လား?

လင်ကျန်ထျန်းသည်လင်ရွှမ်းဇီအားကြည့်လိုက်ပြီးထိုလူ၏ထူးခြားစွာကွဲပြားနေသောမျက်နှာပေါ်တွင်အပြစ်ရှိသည်ဟူသောအချက်အားရှာတွေ့နိုင်မလားဆိုသည်ကိုကြည့်ချင်မိသည်။

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now