Chapter(80) - သခင်လေးရဲ့ဆင့်ခေါ်မှု

7.8K 1.4K 38
                                    

Unicode

အခန်း(၈၀) - သခင်လေးရဲ့ဆင့်ခေါ်မှု

ဖန်ယွီ၏နှဖူးတွင်ချွေးစီးများစီးကျလာပြီးသူ့ရင်ထဲတွင်ထိုဝိုင်ပုလင်းကအမှိုက်ဖြစ်ပါစေလို့ဆုတောင်းယုံမှတစ်ပါးအခြားမရှိပေ။

"ညီလေးထုန်...အဲ့ဒီမျက်လုံးထဲမှာစုတ်ပျက်သတ်နေတဲ့ဝိုင်ပုလင်းကသာမာန်ထက်ပိုတာရှိနေသေးတာလား?"

နောက်လိုက်တစ်ယောက်ကမေးလိုက်သည်။

"အခုချိန်ထိတော့မပြောနိုင်သေးဘူး ဒါပေမဲ့အဲ့ဒါကဒီအတိုင်းအပြင်ဘက်ကကြည့်ရုံနဲ့တော့တန်ဖိုးဖြတ်လို့မရလောက်ဘူး" ထုန်လဲ့ကဂရုမစိုက်သည့်ပုံစံဖြင့်ပြန်ပြောပာလိုက်၏။

သူကဟန်ဆောင်ဖို့ကြိုးစားနေတာမဟုတ်ပဲတကယ်ကိုထိုလုံးဝကိုမထူးခြားသည့်ဝိုင်ပုလင်းမှမည်သည့်ပုံမှန်မဟုတ်သည့်ချီမှမခံစားမိခြင်းဖြစ်သည်။

သို့သော်ခေါင်းဆောင်ဘဏ္ဍာရေးမှူးဟဲ၏စိတ်အာရုံဝေဝါးသွားမှုနှင့်ထူးဆန်းသွားသည်ပုံစံကထိုဝိုင်ပုလင်းအားအနည်းငယ်ခန့်မှန်းရခက်စေခဲ့၏။

အဲ့ဒီစုတ်ပျက်သတ်နေတဲ့ကစားစရာကတကယ့်ကိုပစ္စည်းကောင်းများဖြစ်နေတာလား?

ထုန်လဲ့မှာအချိန်အတော်ကြာစဉ်းစားနေသော်လည်းအဖြေကိုမခန့်မှန်းနိုင်ဖြစ်နေရသည်။ထို့ကြောင့်အနည်းငယ်မငြိမ်မသက်ဖြစ်သလိုခံစားနေရ၏။

ဟင့်အင်း...ထွက်လာမယ့်အဖြေကိုဒီအတိုင်းထိုင်စောင့်နေလို့တော့မဖြစ်ဘူး

ထုန်လဲ့ကသူ့စိတ်အားပြောင်းလိုက်ကာပြောလိုက်သည်

"အောက်ဆင်းပြီးသွားကြည့်ရအောင်"

အောက်ထပ်မှာတော့လင်ရွှမ်းဇီနှင့်ယန်ထျန်းဟန်တို့မှာပြုံးပန်းဝေနေသောရှောင်းလို၏အနားယူရန်နေရာသို့ဖိတ်ကြားခြင်းကိုခံနေရသည်။

ရှောင်းလိုကသူတို့အတွက်လက်ဖက်ရည်တစ်ချို့ငှဲ့ပေးကာမျက်တောင်တစ်ဖြတ်ဖြတ်ခတ်ပြီးပြောလိုက်သည်

"အခုလေးတင်ကျွန်တော့ကိုပေးလိုက်တဲ့ပစ္စည်းကအရမ်းကောင်းတဲ့ဈေးနဲ့ရောင်းနိုင်မယ်ထင်တယ်"

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now