Chapter(190) - မျက်နှာပျက်မှာမကြောက်ဘူး

5.2K 1.1K 70
                                    

Unicode

အခန်း(၁၉၀) - မျက်နှာပျက်မှာမကြောက်ဘူး

"ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီDivine Firminia Simplex တုပပုံထွင်းကလောင်ကြောင့်လေ" လင်ရွှမ်းဇီကပျော်ရွှင်စွာဆက်ပြောသည်။

"Divine Firminia Simplexကသူကိုယ်တိုင်ကိုက ရှားပါးတဲ့မှော်လက်နက်တစ်ခုလေ-သူ့မှာပါဝင်တဲ့ကမ္ဘာ့ဝိဉာဏ်ချီကထိပ် တန်းကျောက်တုန်းတုတွေနဲ့တောင် လုံးဝနှိုင်းယှဉ်လို့မရဘူးအဲ့ဒါကြောင့် ထွင်းထုတဲ့ဖြစ်စဉ်မှာအဲ့ဒါကိုသုံးလိုက် တော့မှော်ကိရိယာတွေကိုအလွယ် တကူအဆင့်မြှင့်နိုင်သွားတယ်"

သွမ့်ယွီယန်ကခဏမျှအံ့အားသင့်သွား ပြီးမှပတ်ပတ်လည်ကိုနိုးကြားစွာအကဲ ခတ်လိုက်ကာဘေးပတ်ဝန်းကျင်မှာ ဘယ်သူမှမရှိတာသေချာမှလိမ်လည် လှည့်ဖြားခံလိုက်ရသည့်အလား လင်ရွှမ်းဇီကိုစိုက်ကြည့်လိုက်သည်။

"အဲ့ဒါကလိမ်လည်လှည့်ဖြားတယ် လို့သတ်မှတ်လို့ရတယ်မှတ်လား? ပြီးတော့ငါကမင်းရဲ့မရိုးမသားမှုကို ယုံတောင်ယုံသွားသေးတယ်လေ!"

သွမ့်ယွီယန်ကအံကိုကြိတ်ပြီး နူးညံ့တဲ့အသံနဲ့ထပ်မေးသည်။

"မင်းလုပ်ထားသမျှထိပ်တန်းမှော် ကိရိယာအားလုံးကလည်းအဲ့ဒီတုပ ပုံထွင်းကလောင်နဲ့လုပ်ထားတာ တွေကြီးပဲလား?"

"သဘာဝကျကျပဲလေသူလည်း အခန်းကဏ္ဍတစ်ခုကပါဝင်တာပေါ့" လင်ရွှမ်းဇီကတည်ငြိမ်စွာပဲဝန်ခံသည်။

သွမ့်ယွီယန်သည်သူ့ကိုဆွံ့အစွာ စိုက်ကြည့်နေမိတော့သည်။

"ပြီးတော့ငါမင်းပြောတာကိုသဘော မကျဘူး..အဲ့ဒါကဘယ်လိုလုပ်လိမ် လည်လှည့်ဖြားတယ်လို့သတ်မှတ် လို့ရမှာလဲ?"
လင်ရွှမ်းဇီကတည်ငြိမ်စွာဆက်ပြောသည်။

"ယှဉ်ပြိုင်ပွဲအတွင်းမှာလက်မှုပညာရှင် တွေကောင်းတဲ့တုပပုံထွင်းကလောင်ကို အသုံးမပြုရဘူးဆိုတဲ့စည်းမျဉ်းစည်း ကမ်းမှမရှိတာ.....တုပပုံထွင်းကလောင် ကလည်းလက်မှုပညာရှင်တွေရဲ့ထွင်းထု တဲ့ဖြစ်စဉ်တစ်စိတ်တစ်ပိုင်းပဲလေ... အားဟန်ငါမှန်တယ်မှတ်လား?"

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now