Chapter(107) - မင်းကအရှက်မရှိဘူး

6.5K 1.1K 38
                                    

Unicode

အခန်း(၁၀၇) - မင်းကအရှက်မရှိဘူး

သူတို့တွေတစ်ယောက်တစ်ပေါက်နှင့်ပြောနေကြသည်များအားလင်ရွှမ်းဇီကြားသောအခါသူကမလှုပ်ရှားပဲဒီအတိုင်းခပ်ပေါ့ပေါ့ပင်ပြောလိုက်သည်။

"ငါအစောကြီးကတည်းကဆုံးဖြတ်ပြီးသွားပြီတကယ်လို့မင်းတို့ပြိုင်ပွဲထဲမှာနေရာလိုခြင်တယ်ဆိုရင်နောက်သုံးလအတွင်းကိုယ့်ကျင့်ကြံမှုကိုပဲဘာလို့အာရုံမစိုက်နိုင်ကြတာလဲ?နှစ်လကြာပြီးလို့ငါတို့ထွက်မသွားခင်မှာနောက်ထပ်စမ်းသပ်စစ်ဆေးမှုကိုငါတာဝန်ယူကျင်းပပေးနိုင်တယ်..လိုအပ်ချက်နဲ့ကိုက်ညီတဲ့ဘယ်သူမဆိုပြိုင်ပွဲထဲမှာပါဝင်ခွင့်ရမယ်"

သူပြောလို့ပြီးသွားသည်နှင့်လင်မိသားစုကျောင်းသားများကကျယ်လောင်စွာအော်ဟစ်ပြောဆိုကြတော့သည်။

"ဒါမမျှတဘူး!ငါလက်မခံနိုင်ဘူး!!"

"အမှန်ပဲ..ငါတို့လက်မခံနိုင်ဘူး!"

"တကယ်လို့တစ်ခြားတစ်ယောက်ယောက်ဆိုငါတို့လက်ခံနိုင်သေးတယ်ဒါပေမဲ့ယန်ထျန်းဟန်ကတော့......"

"မင်းအဲ့ဒီလိုလုပ်မယ်ဆိုရင်ပဉ္စမအကြီးအကဲမင်းကိုပေးထားတဲ့ယုံကြည်မှုကိုခံထိုက်ရဲ့လား?"

"ရွှမ်းဇီ..ငါအမြဲတမ်းတွေးခဲ့တာမင်းကမျှတပြီးယုံကြည်စိတ်ချထိုက်တဲ့သူလို့..ဒါပေမဲ့ငါတို့မိသားစုရဲ့သေခြင်းရှင်ခြင်းလိုအရေးကြီးကိစ္စမျိုးမှာမင်းဒီလိုမျိုးတစ်ကိုယ်ကောင်းဆန်ဆန်ဆုံးဖြတ်ချက်ချမယ်လို့မထင်ထားလိုက်မိဘူးငါတကယ်ပဲမင်းကိုလွဲမှားပြီးမြင်ခဲ့မိတာပဲ" လင်ဇီဂျီကမီးထဲဆီထပ်ထည့်သည့်ပုံဖြင့်သူ့မျက်နှာပေါ်တွင်နာကျင်နေသည့်အမူအယာအားချိတ်ဆွဲထားကာလင်ရွှမ်းဇီကိုလက်ညှိုးထိုးပြီးပြောလိုက်သည်။

"ဟုတ်တယ်...လင်ရွှမ်းဇီကလွန်လွန်းသွားပြီဟန့်...ယန်ထျန်းဟန်ကဘာတွေများထိုက်တန်နေလို့လဲ?သူ့ကိုမြင်တဲ့ဘယ်ကလေးမဆိုကြောက်လန့်လွန်းလို့ငိုလိမ့်မယ်သူ့ရုပ်ရည်သွင်ပြင်တစ်ခုတည်းကိုကမျက်စိသနစရာဖြစ်နေတာမဟုတ်ဘူးလား?" လင်မိသားစုမှကျောင်းသားတစ်ယောက်ကမစဉ်းစားတော့ပဲပြောချလိုက်တော့လေ၏။

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now