Chapter(28) - မောင်နှမတွေ ရဲ့ လျို့ဝှက်အကြံအစည်

9.5K 1.5K 19
                                    

Unicode

အခန်း(28)
မောင်နှမတွေ ရဲ့ လျို့ဝှက်အကြံအစည်

ဟန်ယန်ရန်သည်ဒေါသတကြီးဖြင့်ခြေထောက်ဆောင့်ကာ အော်တော့သည်

" အဲ့ဒီအရှက်မရှိတဲ့ ကောင်စုတ် သူ့ကိုသူဘယ်လိုပုံစံလဲဆိုတာပြန်မကြည့်ဘူးလားမသိဘူး သူလိုကောင်ကများ ညီမကိုလက်ထပ်ချင်သေးတယ် ဆက်သာအိမ်မက်မက်နေလိုက်တော့ "

" သူကဒီအတိုင်းငန်းသားစားချင်နေတဲ့ ဖားပြုတ်တစ်ကောင်ပါဟာ "
ဟန်ယူရန်သည် အေးစက်စွာရယ်လိုက်ပြီး နောက်ဖြည်းညင်းစွာဖြင့်ပြန်ပြောသည်

" စိတ်မပူနဲ့ အနာဂတ်မှာညီမလေးက အမကြီးလိုမျိုး ပထမဆုံးဇနီးအဖြစ် စွမ်းအားကြီးတဲ့ လူတစ်ယောက်ယောက်ကိုပဲလက်ထပ်ရမှာ အကိုကြီးက အဲ့ဒီကောင် ညီမလေး သွားမယ့်လမ်းမှာနှောင့်ယှက်နေတာကိုခွင့်ပြုမှာမဟုတ်ဘူး"

ဟန်ယန်ရန်သည်သူမ၏ရင်ဘက်အားပုတ်လိုက်ပြီး ထိတ်လန့်မှုမှမပြေသေးသည့်ပုံစံဖြင့်ပြောလိုက်သည်

" အစ်ကိုကြီးပြောတာကြားမှပဲစိတ်သက်သာရာရတော့တယ် ဗေဒင်ဆရာပြောတာတော့ ညီမကဖီးနစ်ရဲ့ကံကြမ္မာနဲ့မွေးဖွားလာတာတဲ့ အဲ့ဒါကြောင့် အနာဂတ်မှာအရေးကြီးတဲ့ပုဂ္ဂိုလ်တစ် ဦးဦး နဲ့လက်ထပ်မှဖြစ်မှာ"

ဟန်ယူရန်သည်ထောက်ခံသည့်အနေဖြင့်ခေါင်းသာငြိမ့်ပြလိုက်သည်

သိပ်မကြာမီအချိန်တွင်သူတို့၏လက်ထောက်အရာရှိနှစ်ယောက်သည်အလန့်တကြားပြန်ပြေးထွက်လာသည်ကိုဟန်ယူရန်တွေ့လိုက်ရလေသည်။

" သခင်လေး " လက်ထောက်အရာရှိတစ်ယောက်သည်တုန်လှုပ်စွာဖြင့်ပြောလာသည်

" ကျွန်တော်သွားမေးတော့ မနေ့ကနတ်ဆိုးသားရဲကျားပေါက်လေးတွေဝယ်သွားတဲ့သူက ထိုးဖောက်တိမ်တိုက်ယာဉ်တစ်ခုပေါ်တက်ပြီးထွက်သွားပြီတဲ့"

" ထိုးဖောက်တိမ်တိုက်ယာဉ် ?? " ထိုမှော်ရတနာ၏နာမည်အားကြားသောအခါ ဟန်ယူရန်သည် မကောင်းတာတစ်ခုခုဖြစ်တော့မည်ဟုခံစားလိုက်ရသည်။

ထိုးဖောက်တိမ်တိုက်ယာဉ်အားသုံးနိုင်သည့်ကျင့်ကြံသူသည်သေချာပေါက်ပင် ငွေကြေးရှားပါးမှာမဟုတ်ပေ။ ထို့ကြောင့် ထိုကျင့်ကြံသူအားဖမ်းမိရင်တောင် သူပြင်ဆင်လာသည့်ရွှေစင် 1800 ဖြင့် ထို ဝိညာဉ်သားရဲ ကျားပေါက်လေးနှစ်ကောင်အားပြန်လဲယူနိုင်မှာမဟုတ်လောက်ပေ။

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now