Chapter(124) - ကျင့်ကြံမှုအပေါ်ပဲအာရုံစိုက်

6.3K 1.1K 17
                                    

Unicode

အခန်း(၁၂၄) - ကျင့်ကြံမှုအပေါ်ပဲအာရုံစိုက်

ယန်ထျန်းဟန်ကထိုအကြောင်းအားစဉ်းစားလိုက်ပြီးအနည်းငယ်တွန့်ဆုတ်နေမိသော်လည်းခေါင်းငြိမ့်ပြလိုက်ပြီးသူ့နှုတ်ခမ်းကိုကိုက်လိုက်ကာပြောလိုက်သည်။

"ကောင်းပြီလေဒါဆိုလဲ...ကျွန်တော်တို့ဒီနေ့သူတို့ကိုမတွေ့တော့ဘူးနောက်တစ်ခါတွေ့ရင်တော့အားပိုင်နဲ့ဟူပိုတို့ကိုတကယ့်နတ်ဆိုးသားရဲတွေအဖြစ်နဲ့မြင်ရဖို့မျှော်လင့်မိပါတယ်"

ယန်ထျန်းဟန်မှာအားပိုင်နဲ့ဟူပိုတို့ကတောင်တွေသစ်တောတွေကိုပါတုန်ဟီးလောက်အောင်ဟိန်းနေမည့်ပုံစံအားစိတ်ကူးကြည့်လိုက်ပြီးအနည်းငယ်တော့စိတ်သက်သာရာရသွားရပြီးသူ့မျက်နှာပေါ်တွင်ပင်ကျေနပ်ရောင့်ရဲစွာဖြင့်တောင့်တနေသည့်အကြည့်ကိုဖော်ပြနေလေသည်။

ရွှေမျက်လုံးကပထမတော့ထိုကျားပေါက်လေးများ၏ပိုင်ရှင်နှစ်ယောက်ကကျားပေါက်လေးများ၏ယောင်ကိုင်းနေသည့်မျက်နှာများအားတွေ့ပါကဒေါသထွက်ပြီးသူတို့အဖိုးအခများကိုပြန်ပေးရန်ပြောဆိုလာပါကဘယ်လိုလုပ်ရမလဲဆိုတာကိုသူ့စိတ်ထဲမှာပူပန်နေမိသော်လည်းလင်ရွှမ်းဇီကထိုအရာများအားလုံးကိုကြိုတင်တွက်ဆပြီးနေလောက်ပြီဟုမမျှော်လင့်ခဲ့မိပေ။သူကထိုကျားပေါက်လေးနှစ်ကောင်အားအများဆုံးဖျက်ဆီးခဲ့သည့်သူ့ညီလေးယန်ထျန်းဟန်ကိုပါအရူးလုပ်ပေးလိုက်သေးသည်။

ရွှေမျက်လုံးကျားသစ်ကချက်ချင်းပင်လင်ရွှမ်းဇီအားလေးစားမှုအပြည့်ဖြင့်ကြည့်လိုက်တော့၏။

ကျွမ်းကျင်သူပဲ...တကယ့်ကိုကျွမ်းကျင်တဲ့သူတစ်ယောက်ပဲ

သူ့ဆီကနေသင်ယူတာကောင်းမယ်

လင်ရွှမ်းဇီတွင်တော့ကျားပေါက်လေးနှစ်ကောင်၏လက်ရှိအခြေအနေနှင့်ပတ်သတ်၍အကြံကောင်းတစ်ခုရှိနေပြီးယန်ထျန်းဟန်ကိုလည်းအားပိုင်နဲ့ဟူပိုကိုတစ်နေ့လုံးစိတ်ပူပြီးဝမ်းမနည်းစေခြင်ပေထို့ကြောင့်သူတို့ဆီလည်ပတ်ရန်ကိစ္စကိုတားမြစ်လိုက်ခြင်းဖြစ်သည်။

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now