Chapter(188) - ပိုင်မိသားစုအကြီးအကဲများ

5K 1.1K 56
                                    

Unicode

အခန်း(၁၈၈) - ပိုင်မိသားစုအကြီးအကဲများ

ကျောက်တုန်းတုများနှင့်ဓားကျိုး များရိုက်ခတ်မိသွားသည့်'ချွမ်း-'ဆိုတဲ့အသံနှင့်အတူဓားဦးချွန်များ ကဦးတည်ရာပြန်ပြောင်းသွားသည်။ မူလကလင်ရွှမ်းဇီရဲ့ခေါင်းဆီတည့် တည့်ပျံသန်းသွားသည့်လူသတ် လက်နက်များကရုတ်တရက်လားရာ ပြောင်း၍လင်ရွှမ်းဇီရဲ့ဆန့်ကျင်ဘက်ရှိ ပိုင်ဟုန်ဟုရှိရာဆီတိုက်ရိုက်ပြေးဝင် သွားတော့၏!

၎င်း၏စွမ်းအင်ကအနည်းငယ်မျှပင် လျော့ကျသွားခြင်းမရှိပဲပိုလို့တောင် ဖိအားများလာသေးသည်။

ပိုင်ဟုန်ဟုကလက်မှုထွင်းထုနေစဉ် အတွင်းဒီလိုပျံသန်းလာတဲ့ပစ္စည်းမျိုး ကိုတားဆီးရာတွင်အတွေ့အကြုံမရှိ ပေ။သူကဓားကျိုးများသူ့မျက်လုံးရှိ ရာဆီတည့်တည့်ဝင်လာသည်အား ကြောက်လန့်တကြားကြည့်နေမိသည်။ ထိတ်လန့်တုန်လှုပ်မှုနှင့်အတူအလျင် အမြန်သူ့ဝိဉာဉ်အားကိုပြန်ဆွဲထုတ်ယူ ရန်ကြိုးစားနေသော်လည်းအလုံအ လောက်မတုံ့ပြန်နိုင်ဘူးဖြစ်နေသည်။

ပိုင်ဟုန်ဟုမှာသူ့ရဲ့မပြည့်စုံသေးသည့် မှော်ကိရိယာအားဂရုမစိုက်နိုင်တော့ပေ။ သူကသူ့ဝိဉာဉ်စွမ်းအားများထုတ်လွှင့်နေ မှုကိုအလျင်အမြန်ဖြတ်သိမ်းလိုက်ပြီး နေရာကနေလှိမ့်ထွက်လိုက်ရသည်။

'ရွှပ်-'ဆိုတဲ့အသံနှင့်အတူဓားကျိုးများ ကပိုင်ဟုန်ဟုရဲ့လည်ပင်းကိုသွေးစို့ရုံ လောက်ပါးပါးလေးဖြတ်ကျော်သွားသည်။

ပိုင်ဟုန်ဟုမှာသူ့ဝိဉာဉ်အားရဲ့တန်ပြန်ရိုက် ခတ်မှုကြောင့်သွေးတစ်ပွက်အန်သွားရ၏။ သူ့ခန္တာကိုယ်တစ်ခုလုံးကမရေမတွက်နိုင် သောကြိုးများနှင့်တင်းကျပ်စွာချည် နှောင်ထားသကဲ့သို့ခံစားခဲ့ရပြီးထိုနေရာ တွင်သာလှိမ့်လိုက်ချင်မိတော့သည်။ ကိုယ်ပိုင်ဝိဉာဉ်အားရဲ့တန်ပြန်ရိုက်ချက် ကလက်မှုပညာရှင်တွေကိုအကြီးအ ကျယ်ပျက်စီးသွားစေသည်။

စင်ပေါ်ရှိအရာအားလုံးပရမ်းပတာဖြစ် သွားသည်။ပိုင်မိသားစုဝင်များသည် လည်းသူတို့ထိုင်ခုံမှထလာကြပြီးစင်ပေါ် မှထွက်ခွာသွားပြီဖြစ်တဲ့ဟွမ်ဖူဂျင်တောင် အမူအယာအေးခဲသွားရသည်။

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now