Chapter(16) - ထူးဆန်းလွန်းတယ်

10.3K 1.6K 5
                                    

Unicode

အခန်း(၁၆)
ထူးဆန်းလွန်းတယ်

ယန်ထျန်းဟန်သည် တံတွေးအား ခက်ခက်ခဲခဲပင် မျိုချလိုက်ကာ

" အကိုကြီး တကယ်ကိုအံ့သြဖို့ကောင်းလွန်းတယ် ချီ မိသားစု ကအတော်ဆုံးဆိုတဲ့လက်မှုပညာရှင်တောင်အကိုကြီးနဲ့ယှဉ်လို့မရလောက်ဘူး"

လင်ရွှမ်းဇီသည်အမြဲတမ်းစိတ်ထားတည်ငြိမ်သောသူတစ်ယောက်ဖြစ်သော်လည်း ယန်ထျန်းဟန်ဆီမှ ချီးကျူးစကားအားကြားလိုက်သောအခါ မည်သို့မှမတတ်နိင်ပဲ သူ့ကိုယ်သူအလွန်ပင်ကျေနပ်အားရသွားသည်။

"ငါကတကယ်ကိုလက်မှုပညာမှာ အရည်အချင်းရှိတယ်"

လင်ရွှမ်းဇီကပြောလိုက်သည်

"ပြီးတော့တစ်ချို့လက်မှုဖန်တီးခြင်းအတတ်ကိုကျင့်ကြံတဲ့ နည်းလမ်းတွေမှာ ဒန်တန်မလိုဘူူး လက်မှုအတတ်ကိုကျင့်ကြံတာက ဝိညာဉ်စွမ်းရည်ကိုမြှင့်တင်နိုင်တယ် ပြီးရင်တော့ ငါ့ရဲ့ ကျင့်ကြံတဲ့အဆင့်က မှော်အတတ်ကျင့်ကြံသူလိုပဲမြင့်လာလိမ့်မယ်"

ယန်ထျန်းဟန်မှာအလွန်အမင်းအံ့အားသင့်နေသောကြောင့်ပြောစရာစကားပင်ပျောက်ရှနေသည်။လင်ရွှမ်းဇီမည်သည့်နည်းလမ်းကိုအသုံးပြုပြီးကျင့်ကြံနေသလဲဟုပင်မမေးတော့ပဲ ခေါင်းကိုတစ်ဆက်ဆက်ငြိမ့်ကာ

"အကိုကြီးအခုပုံမှန်ပြန်ဖြစ်ပြီဆိုတော့တကယ်ကောင်းတာပဲ အခုချိန်ကစပြီးဘယ်သူမှ ကျွန်တော်တို့ကို မထီမဲ့မြင်ပြုတာတွေ ရှုံချတာတွေရှိမှာမဟုတ်တော့ဘူး"

လင်ရွှမ်းဇီသည် ပြုံးကာထောက်ခံလိုက်သည်

" ဒါပေါ့"

ဒါတင်မကသေးပေ လက်မှုဖန်တီးခြင်းပညာရှင်ဆိုတဲ့တည်ရှိမှုက ဒေါင်ဇိုပြည်မကြီးတစ်ခုလုံးရဲ့ ကိုးကွယ်ရာဖြစ်သည်။ ဓားသမားများအသုံးပြုသောဓားများ၊ အဂ္ဂီရတ်ပညာရှင်များအသုံးပြုသည့်မီးဖိုများနှင့်မှော်ပညာရှင်များအသုံးပြုသောမှော်ကိရိယာများ၊ ထိုးနှက်တိုက်ခိုက်ခြင်းနှင့်ခုခံကာကွယ်လျှင်သုံးသည့်အရန်ကိရိယာများအားလုံး - ဤအရာအားလုံးသည်လက်မှုပညာရှင်များပေါ်မူတည်သည်။

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now