Chapter(154) - ပိုင်မိသားစုရဲ့ပြိုင်ဆိုင်မှု

5.1K 1K 46
                                    

Unicode

အခန်း(၁၅၄) - ပိုင်မိသားစုရဲ့ပြိုင်ဆိုင်မှု

ဂျီယွန်ဝေမှာဝိုင်ခွက်လေးကိုပွတ်သပ် နေပြီးလက်မလွှတ်နိုင်ဖြစ်နေရင်းဖြင့် သူ့နှုတ်ခမ်းများကိုသပ်လိုက်မိသည်။

"ငါအခုအရသာမြည်းစမ်းဖို့ မစောင့်နိုင်တော့ဘူး"

ယန်ထျန်းဟန်သည်လည်းနှုတ်ခမ်းသပ် လိုက်ပြီးလင်ရွှမ်းဇီရဲ့လက်ကိုလှုပ်ရမ်း ကာပြောလေသည်။

"အကိုကြီးမြန်မြန်ထုတ်တော့လေ"

လင်ရွှမ်းဇီကပြုံးလိုက်ကာဝိုင်ပုလင်း အားထုတ်၍သူတို့သုံးယောက်လုံး အတွက်တစ်ခွက်ဆီငှဲ့ပေးလိုက်သည်။

ဂျီယွန်ဝေနှင့်ယန်ထျန်းဟန်တို့က စောင့်ပင်မစောင့်တော့ပဲတစ်ငုံတည်း မော့ချလိုက်ကာလင်ရွှမ်းဇီတစ်ဦး တည်းသာလှပတင့်တယ်သည့်ဟန်ဖြင့် တစ်ငုံစုပ်သောက်လိုက်လေ၏။

ဂျီယွန်ဝေနှင့်ယန်ထျန်းဟန်တို့နှစ်ဦးလုံး ကျေနပ်အားရစွာပြိုင်တူသက်ပြင်းချ လိုက်ကြလေသည်။

"ကောင်းလိုက်တဲ့ဝိုင်ပဲ"

"ဒါကအရမ်းအရသာရှိတာပဲ!"

ယန်ထျန်းဟန်နှင့်ဂျီယွန်ဝေတို့မှာ တစ်ယောက်နဲ့တစ်ယောက်ကြည့် လိုက်မိကြပြီးပြိုင်တူရယ်မောမိကြ တော့သည်။

ဂျီယွန်ဝေကပြောလိုက်လေ၏

"အငယ်လေးကအကြီးထက်ပိုပြီး သောက်တတ်တဲ့သူဖြစ်မယ်လို့ငါ မမျှော်လင့်ခဲ့မိဘူး"

ယန်ထျန်းဟန်ကသူ့နုှတ်ခမ်းလေးကို ထပ်သပ်လိုက်ပြီးအရသာပြန်ခံနေ လေသည်။

"ဒီခွက်တွေကိုမသုံးခင်အတိတ်တုန်း ကတော့ဝိုင်အရသာဒီလောက်တောင် ကောင်းမယ်လို့ကျွန်တော်လည်းမထင် ခဲ့မိဘူး"

ဂျီယွန်ဝေကခေါင်းညိမ့်ပြလိုက် ပြီးသက်ပြင်းချလိုက်သည်။

"ဒါကြောင့်ငါပြောတာပေါ့လက်မှု ပညာရှင်တွေဟာကမ္ဘာပေါ်မှာအံ့အား သင့်ဖွယ်အကောင်းဆုံးသူတွေပဲလို့... သူတို့ရဲ့ကျွမ်းကျင်လှတဲ့လက်တွေကနေ ငါတို့ဆီကိုမရေမတွက်နိုင်လောက်တဲ့ အံ့သြစရာတွေကိုဆောင်ယူလာပေး တယ်လေ"

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now