Chapter(178) - ကြွယ်ဝမှုနဲ့မာနထောင်လွှားမှု

5.3K 1.1K 102
                                    

Unicode

အခန်း(၁၇၈) - ကြွယ်ဝမှုနဲ့မာနထောင်လွှားမှု

ဒီကမ္ဘာမှာငွေကြေးနဲ့ဖြေရှင်းလို့မ ရတဲ့အရာဘာမှမရှိဘူး...

အကယ်၍ရှိတယ်ဆိုရင်လည်းငွေ ကိုနှစ်ဆပစ်ပေးလိုက်.....

ဒါကတကယ့်ကိုဆုမိုရဲ့ပုံစံဖြစ်သည်-သူဘယ်တော့မှပိုက်ဆံနဲ့ဖြေရှင်းလို့ရ တဲ့အရာကိုတစ်ခြားအပိုဆောင်းကြိုး စားမှုတွေနဲ့မဖြုန်းတီးဘူး

ယန်ထျန်းဟန်ကခံစားချက်အပြည့်နဲ့ သက်ပြင်းချသည် "မယုံနိုင်စရာပဲ!"

လင်ရွှမ်းဇီကသွမ့်ယွီယန်ကိုသံသယ အကြည့်နဲ့ကြည့်လိုက်သည်။

"မင်းယွမ်ထျန်းဝမ်ရဲ့မိဘတွေနဲ့ ဒီလောက်မြန်မြန်ကြီးတွေ့ပြီးသွားပြီလား?"

သွမ့်ယွီယန်ကသူ့ကိုဘေးတစ်စောင်း ငဲ့ကြည့်ပြီးသဘောမတူသည့်ဟန်ဖြင့် ရယ်လေသည်။

"ဘယ်လိုပေါက်ကရလဲ...ဦးလေးဆု ကပြောတာမဟုတ်ဘူး"

"ဒါဆိုအသေးစိတ်အကြောင်း အရာတွေကိုအကိုဘယ်လိုသိလဲ?" ယန်ထျန်းဟန်ကကျိန်းသေပေါက် သူ့ကိုမယုံကြည်ပေ။

သွမ့်ယွီယန်သည်လည်းတစ်နည်းနည်း နဲ့နားမလည်နိုင်ဖြစ်နေဟန်ဖြင့်သူ့လျှာ ကိုနှစ်ခါလောက်ကိုက်ပြီးမှပြောသည်။

"ဂျီယွန်ဝေလေ...အဲ့ဒီကောင်စုတ်ပြော ပြတာ....အဲ့ဒါအရမ်းထူးဆန်းတယ်; သူဘယ်လိုလုပ်ဒီလောက်တောင် သိနေတာလဲ?"

လင်ရွှမ်းဇီကထိုအကြောင်းကိုတွေး လိုက်သည်နှင့်တစ်ခါတည်းနဲ့နားလည် သွားသည်။

"ဂျီယွန်ဝေကသားရဲထိန်းလေ.... ငါကြားတာတော့သူ့မှာလူသားစကား ကိုနားလည်ပြီးသင်လည်းသင်ကြားနိုင် တဲ့ပျားမျိုးမွေးထားတယ်တဲ့...သူတို့က နေရာတိုင်းကိုသွားနိုင်ပြီးတစ်ခြားသူ တွေကသူတို့ကိုရှာတွေ့ဖို့လည်းခက်ခဲ တယ်...ကြည့်ရတာအဲ့ဒီလိုပျားမျိုး ဆီကကြားတာဖြစ်မယ်"

လင်ရွှမ်းဇီရဲ့ယူဆချက်ကိုနားထောင် ပြီးနောက်သွမ့်ယွီယန်ရောယန်ထျန်းဟန်ပါ 'အော်အဲ့ဒီလိုကိုး' ဆိုတဲ့အမူအယာမျိုးနှစ်ယောက်လုံး ဖြစ်သွားကြသည်။

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now