Chapter(183) - သတင်းပို့ခြင်း

5K 1.1K 47
                                    

Unicode

အခန်း(၁၈၃) - သတင်းပို့ခြင်း

ဝိဉာဉ်ပုတီးစေ့လေးရဲ့မေးခွန်းကို ရင်ဆိုင်တဲ့အခါလင်ရွှမ်းဇီကတည် ငြိမ်စွာသာအဖြေပြန်ပေးလိုက်သည်။

[ဘာဖြစ်လို့လဲဆိုတော့သူဘယ်လို တက်ရမလဲမသိလို့ပေါ့...အကယ်၍ ခင်ဗျားသာအားဟန်ကိုတက်နိုင်မယ့် လက်ဆွဲစာအုပ်မျိုးပေးချင်မယ်ဆိုရင် တော့ခင်ဗျားအဝကြည့်နိုင်ဖို့အတွက် သူတက်ပေးလိမ့်မယ်]

ဝိဉာဉ်ပုတီးစေ့လေး, [.............]

နှလုံးသားကသောက်ရမ်းဆိုးသွမ်းတဲ့ လခွမ်းကောင်..သူတိတ်တိတ်လေးပဲ အိပ်နေတော့မယ်

ဒီနေ့ခေတ်လူငယ်တွေအရမ်းလွန်တာပဲ; သူတို့ပါးစပ်ကိုဖွင့်လိုက်တာနဲ့ငါ့ရဲ့တန်ဖိုး ရှိတဲ့လက်ဆွဲစာအုပ်ကိုပဲတောင်းနေကြ တယ်ပြီးတော့သူနည်းနည်းလေးဂရုမစိုက် လိုက်မိတာနဲ့အဲ့ဒါကိုသူ့ဆီကနေအမျိုးမျိုး လှည့်ဖြားပြီးယူသွားမှာ

သူမတတ်နိုင်ဘူး...သူမတတ်နိုင်ဘူးလို့

တစ်ညပြီးနောက်ယန်ထျန်းဟန်က အခြေတည်အဆင့်ပထမအလွှာကို ချောချောမွေ့မွေ့တက်နိုင်သွားသည်။

သူသည်ပင်ပန်းတယ်လို့လုံးဝမခံစားရ သည်သာမကအတော်လေးစွမ်းအင်ပြည့် ဝနေတယ်လို့တောင်ခံစားနေရသည်။ အကယ်၍သာသူ့ကိုဒီအချိန်နောက်ထပ် ဆေးမီးဖိုတစ်ခုပေးမယ်ဆိုရင်သူနောက် ထပ်နှစ်တစ်ရာလောက်ထိစိတ်လှုပ်ရှား စွာတိုက်ခိုက်နိုင်လိမ့်မည်။

ထိုစိတ်လှုပ်ရှားမှုကသူတောင်ပေါ်တက် ပြီးသွမ့်ယွီယန်နဲ့တွေ့သည်အထိခံလေသည်။

သွမ့်ယွီယန်ကအောင်အောင်မြင်မြင် အခြေတည်အဆင့်ကိုတက်သွားပြီ ဖြစ်တဲ့ယန်ထျန်းဟန်အားခေါင်း အစခြေအဆုံးအကဲခတ်လိုက်ပြီးရှုပ် ထွေးနေသည့်အသံဖြင့်ပြောလာသည်။

"ကြည့်ရတာမနေ့ညကမင်းအကြီး ကြီးလုပ်လိုက်တဲ့ဆူညံမှုကြီးကဒီအ တိုင်းကောလဟာလသက်သက်ပဲ မဟုတ်ဘူးထင်တယ်...အဲ့ဒါအမှန်ပဲလား?"

ယန်ထျန်းဟန်ကခေါင်းညိမ့်ပြပြီး ညည်းညူလေသည်။

"ကျွန်တော့်မီးဖိုကပေါက်ကွဲပြီးဒီလို ရုတ်ရုတ်သဲသဲဖြစ်သွားမယ်လို့မထင် ခဲ့မိဘူးကျွန်တော်ကအမြဲတမ်းနှိမ့်နှိမ့် ချချပဲနေတာကို"

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now