Chapter(196) - ငါမရှိရင်မနေနိုင်ဘူး

5.8K 1.1K 54
                                    

Unicode

အခန်း(၁၉၆) - ငါမရှိရင်မနေနိုင်ဘူး

ကျုံးလီရှန်အားမလေးစားသည့်အဂ္ဂီရတ် ပညာရှင်မရှိပေ။အကယ်၍ကမ္ဘာအဆင့် ဆေးလုံးကိုသန့်စင်နိုင်တဲ့သူသာရှိလာမယ် ဆိုရင်၎င်းကိုအောင်မြင်နိုင်မယ့်သူက တိုက်ကြီးငါးတိုက်လုံးမှာသူတစ်ယောက် တည်းသာရှိသည်။

ကျုံးလီရှန်ရဲ့အသက်ဘယ်လောက်ရှိ နေပြီလဲဆိုတာဘယ်သူမှမသိသော်လည်း သူ့ပုံစံကအသက်နှစ်ဆယ်ဝန်းကျင် လာက်သာထင်ရသည်။တစ်ခြားသူတွေ သူ့အသက်ကိုမေးတဲ့အချိန်တိုင်းမှာ လည်းသူကအေးအေးဆေးဆေးဖြင့် '၁၈'ဟုသာပြန်ဖြေလေ့ရှိပြီးသူ့ရဲ့အသက် အစစ်အမှန်ကိုပိုပြီးလျှိ့ဝှက်ဆန်းကျယ် သွားစေသည်။

ဒါသည်လည်းသူ့ရဲ့စွမ်းအားကြီးမားမှု ကိုဖော်ပြနေခြင်းပင်။

ကျုံးလီရှန်ပေါ်လာသည်နှင့်စင်အောက် မှလူအုပ်ကြီးကဒီတိုးတက်မှုနှင့်ပတ် သတ်ပြီးတစ်ယောက်နှင့်တစ်ယောက် ဆွေးနွေးနေမှုများကိုမရပ်တန့်နိုင်ကြ တော့ပေ။

"အဂ္ဂီရတ်ပညာရှင်ကျုံးလီကဒီတစ် ခေါက်တကယ်ပဲဒိုင်လူကြီးလုပ်ပေးတာပဲ ....မိသားစုတစ်ရာစုဝေးပွဲမှာပါဝင်ခွင့်ရ ကြတဲ့အဂ္ဂီရတ်ပညာရှင်တွေတော့ တော်တော်လေးအကျိုးအမြတ်ရတာပဲ"

"ကျုံးလီရှန်ကိုယ်တိုင်ကတကယ်တော့ အရမ်းငယ်သေးတာပဲ...ကျုပ်အမြဲတမ်း တွေးခဲ့တာသူကလူအိုကြီးတစ်ယောက် ဆိုပြီးတော့"

ကမ္ဘာအဆင့်ဆေးလုံးတစ်ခုသန့်စင်နိုင် ရန်ဆယ်နှစ်ကြာတံခါးပိတ်ကျင့်ကြံရေး ဝင်ရောက်ခဲ့သည်။ဒီလိုစိတ်ထားနှင့် ခံနိုင်ရည်ကဘယ်သူများယှဉ်ပြိုင်နိုင်မှာလဲ?

ချီးကျုးမှုများနှင့်လေးစားသည့်စကား အမျိုးမျိုးကဦးတည်ချက်ပေါင်းစုံမှ လွင့်ပျံလာခဲ့သော်လည်းစကားတွေ အားလုံးရဲ့အဓိကလူကတော့ဒါတွေ အားလုံးပေါ်မှာလျစ်လျုရှုထားတဲ့ ပုံစံသာရှိနေသည်။

ကျုံးလီရှန်ကငှက်မွှေးခေါင်းဆောင်း တစ်ခုကိုဆောင်းထားပြီးသူ့ရဲ့ချောမော သည့်မျက်နှာကထင်ပေါ်လှသည်။သူက ယန်ထျန်းဟန်ရှိရာသို့လျှောက်သွား လိုက်ပြီးသူ့လက်ကိုဆန့်ထုတ်လိုက်၏။

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now