Chapter(138) - မင်ယင်ခန္တာကိုယ်

6K 1.1K 22
                                    

Unicode

အခန်း(၁၃၈) - မင်ယင်ခန္တာကိုယ်

ဖုန်ကျားနျန်ကပညာတတ်တစ်ဦး ဖြစ်သောကြောင့်ပုံမှန်အားဖြင့်သူလည်း ရွှမ်းယင်ခန္တာကိုယ်အကြောင်းကြားဘူးသည်။

လူတစ်ချို့ကယင်ချီစွမ်းအင်အတော်လေး များပြားသည့်ခန္တာကိုယ်မျိုးဖြင့်မွေးဖွား လာခဲ့ကြပြီးသဘာဝအားဖြင့်နတ်ဆိုး အတတ်ကျင့်ကြံရန်အတွက်ဖြစ်သည်။ ထို့ကြောင့်မှန်ကန်သည့်Daoလမ်းကြောင်း များတွင်ပြဿနာများဖြစ်ပေါ်ရန်အလွန် လွယ်ကူပြီးအားထုတ်ကြိုးပမ်းရသည့် ပမာဏမှာတစ်ခြားကျင့်ကြံသူများထက် အများကြီးသာလွန်မှဖြစ်မှာဖြစ်သည့်အပြင် အခက်အခဲများသည်လည်းတစ်နေ့ပြီး တစ်နေ့စုဆောင်းလာမှာဖြစ်သည်။

ပထမဆုံးတစ်ချက်ပဲကြည့်ရင်တော့ ယန်ထျန်းဟန်ကတကယ်ကိုနတ်ဆိုး အတတ်ကျင့်ကြံရန်အတွက်သင့်လျော် သောခန္တာကိုယ်ရှိသည်။သို့သော်ဖုန်ကျားနျန်ကသေချာဂရုတစိုက်လေ့လာ လိုက်သောအခါယန်ထျန်းဟန်၏ ခန္တာကိုယ်အတွင်းမှယင်ချီသည် နတ်ဆိုးအတတ်ကျင့်ကြံခြင်းကြောင့် ရသည့်ရလဒ်မဟုတ်ကြောင်းအလွယ်တ ကူပြောနိုင်ပြီးသူ့ခန္တာကိုယ်အတွင်းပိုင်းမှ ထွက်ပေါ်လာသောချီသဘောတရားကို ခံစားလို့ရနိုင်သည်။

ဖုန်ကျားနျန်ကတော့အပြစ်ရှိသည်ဟု မခံစားရပေ။သူကလက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီးယန်ထျန်းဟန်အား ကိုယ်တစ်ဝက်ကိုင်း၍ဦးညွှတ်လိုက်ပြီး ရိုးသားစွာဖြင့်ပြောလိုက်သည်။

"အဲ့ဒါတကယ့်ကိုကျွန်တော့အမှားပါ... ခွင့်လွှတ်ပေးပါခင်ဗျာ"

လင်ရွှမ်းဇီကယန်ထျန်းဟန်ကိုဆွဲခေါ် လိုက်ပြီးသူ့နောက်မှာထားလိုက်ကာ အမူအယာမဲ့နေသည့်မျက်နှာဖြင့် ပြောလိုက်သည်။

"အားဟန်ကအရမ်းငယ်သေးတယ် ပြီးတော့သူ့ကျင့်ကြံဆင့်ကလည်း နိမ့်တယ်အဲ့ဒါကြောင့်မိတ်ဆွေဖုန်ရဲ့ အလေးပြုမှုကိုလက်ခံလို့မရပါဘူး"

အဲ့ဒီတစ်ခဏမှာလင်ရွှမ်းဇီကတကယ့် ကိုဒေါသထွက်နေပုံပေါ်သည်သို့သော်သူ့ အမူအယာထဲတွင်သဲလွန်စအနည်းငယ် မျှပင်ပေါ်လွင်မနေပေ။

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now