Chapter(94) - အကုန်လုံးကို ယွီယန်ကအရူးလုပ်ခြင်း

7.5K 1.3K 22
                                    

Unicode

အခန်း(၉၄) - အကုန်လုံးကို ယွီယန်ကအရူးလုပ်ခြင်း

"လေလံအိမ်?" ယန်ထျန်းဟန်၏မျက်လုံးများမှာချက်ချင်းပင်မြင့်တက်သွားတော့သည်။

"အဲ့ဒါသွမ့်မိသားစုကပိုင်တဲ့ ကံကြမ္မာရဲ့စာလုံး လေလံအိမ်လား?"

"အမှန်ပဲ!" လင်ရွှမ်းဇီကခေါင်းညိမ့်ပြကာဖြေလိုက်ရင်းဆက်မေးလိုက်သည်။

"ငါတို့သွမ့်အိမ်တော်ကိုအရင်သွားကြမလား?"

"ကောင်းပြီလေ! အဲ့ဒါဆိုကျွန်တော်လည်းကိုကိုယွီယန်ကိုတွေ့လို့ရတာပေါ့...."

အားပိုင်နှင့်ဟူပိုတို့ကတစ်ကောင်နှင့်တစ်ကောင်အလုအယက်ပြေးလာကြသည်။အားပိုင်ကယန်ထျန်းဟန်အားမြင်သောအခါအမြှီးလေးကိုလှုပ်ခါပြလိုက်လေ၏။

ယန်ထျန်းဟန်ကအားပိုင်ကိုကောက်ချီလိုက်ပြီးလင်ရွှမ်းဇီကိုပြောလိုက်သည်

"အကိုကြီး....အားပိုင်ကနတ်ဆိုးမွှေ့လျော်အသီးကိုစားခြင်နေတယ်...အကိုကြီးမှာရှိသေးလား?"

လင်ရွှမ်းဇီကနတ်ဆိုးမွှေ့လျော်အသီးနှစ်ခုအားထုတ်လိုက်ကာတစ်ကောင်စီကိုပေးလိုက်သည်။

အားပိုင်မှာသူ့ဝေတာနတ်ဆိုးမွှေ့လျော်သီးအားစားပြီးသောအခါအလွန်ကျေနပ်အားရစွာဖြင့်ယန်ထျန်းဟန်၏ရင်ခွင်ထဲမှနေ၍ချစ်စရာကောင်းသည့်ပုံစံလုပ်ပြနေပြီးပွတ်သပ်နေတော့သည်။

ဟူပိုသည်လည်းသူ့ဝေတာကိုဖြည်းငြင်းစွာစားနေသော်လည်းသူတစ်မြုံ့မြုံ့ဝါးနေသည့်ပုံကိုကြည့်ခြင်းဖြင့်ထိုအသီးအားဘယ်လောက်တောင်ကြိုက်နှစ်သက်သည်ကိုပြောနိုင်လေ၏။

လင်ရွှမ်းဇီကရုတ်တရပ်ပင်တွေးလိုက်မိသည် : အတိတ်တုန်းကဒီကျားပေါက်လေးနှစ်ကောင်ဟန်ယူရန်နဲ့ထွက်ပြေးသွားခဲ့တုန်းကသူတို့ကိုဒီနတ်ဆိုးမွှေ့လျော်သီးကိုများလုံလုံလောက်လောက်ကျွေးခဲ့လို့များလား?

ဒါပေမဲ့သေချာတာပေါ့ထိုအယူအဆသည်ဟာသတစ်ခုမျှသာဖြစ်၏။

..............

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now