Chapter(133) - စွမ်းရည်ကအားလုံးကိုပြောလိမ့်မယ်

6.1K 1.1K 20
                                    

Unicode

အခန်း(၁၃၂)
စွမ်းရည်ကအားလုံးကိုပြောလိမ့်မယ်

ထိုနေ့ကစပြီးလင်ရွှမ်းဇီနှင့် ယန်ထျန်းဟန်တို့နှစ်ယောက်လုံး တံခါးပိတ်ကျင့်ကြံခြင်းကိုနောက်ဆုံး အနေဖြင့်ပြန်ဝင်သွားကြတော့သည်။

နှစ်လဆိုသည့်အချိန်ကကြာမြင့်သည် ဟုမပြောနိုင်ပေသို့သော်အဲ့ဒါက တိုတောင်းတယ်ဟုလည်းမဆိုနိုင်။ နောက်ဆုံးတံခါးပိတ်ကျင့်ကြံခြင်း ရက်တွေကုန်ဆုံးသွားသည့်အခါမှာတော့ မိသားစုထဲမှအကြီးအကဲတော်တော် များများကတံခါးအပြင်ဘက်မှနေ၍ အငယ်လေးများထွက်လာသည်ကို စောင့်နေကြသည် -တတိယအကြီးအကဲနှင့် ပဉ္စမအကြီးအကဲတို့လည်းအပါအဝင်ပင်။

သိပ်မကြာခင်မှာပဲလင်ဇီဂျီက ပထမဆုံးထွက်လာခဲ့သည့်သူဖြစ်သည်။

တတိယအကြီးအကဲ၏မျက်နှာတွင် အပြုံးတစ်ခုဖြစ်ပေါ်လာတော့လေ၏။

"ဇီဂျီ...မင်းရဲ့ကျင့်ကြံမှုကို တိုးမြှင့်နိုင်ခဲ့ပြီလား?"

လင်ဇီဂျီ၏မျက်နှာပေါ်တွင်တော့ ချုပ်တည်းထားသည့်အပြုံးတစ်ခု ရှိနေသည်။

"ကျွန်တော့ရဲ့တိုးတက်မှုက အများကြီးလို့တော့ပြောလို့မရပါဘူး"

တတိယအကြီးအကဲကတော့ ထိုဟန်ဆောင်ပြောလိုက်သည့် စကားကြောင့်စိတ်ရှုပ်သည့် အမူအယာပေါ်လာလေ၏။

"ဒီနေရာကငါတို့လင်မိသားစု တစ်ခုလုံးမှာကျင့်ကြံဖို့အတွက် အသင့်တော်ဆုံးနေရာပဲတကယ်လို့ မင်းက'အနည်းငယ်လေး'ပဲ တိုးတက်ခဲ့တယ်ဆိုရင်ငါမင်းနဲ့ ပတ်သတ်ပြီးအရမ်းစိတ်မကျေမနပ် ဖြစ်မိလိမ့်မယ်"

"အခုကတတိယအကြီးအကဲ ပြောတဲ့စကားလောက်တော့ မပြင်းထန်ပါဘူး" လင်ဇီဂျီကဆက်ပြောလိုက်သည်။

"ကျွန်တော်ကအခုအခြေတည်အဆင့် ပထမအလွှာအထွတ်အထိပ်ကျင့်ကြံသူ ဖြစ်နေပါပြီ...ပထမတော့ကျွန်တော်က ဒီတစ်ခေါက်ရဲ့အားသာချက်ကို အမိအရယူပြီးပထမအလွှာကို ချိုးဖြတ်နိုင်မယ်လို့တွေးခဲ့ပေမယ့် ကျွန်တော့်ကိုကျွန်တော်အလွံအကျွံ တွေးလိုက်ခဲ့မိတယ်နဲ့တူပါတယ်... ကျွန်တော်စိတ်မကောင်းပါဘူး.... ကျွန်တော်ကတတိယအကြီးအကဲ ကိုရောကျွန်တော့ရဲ့ကိုယ့်ပိုင် မျှော်လင့်ချက်ကိုပါစိတ်ပျက်စေမိတယ်"

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now