Chapter(158) - လဲလှယ်ခြင်းရဲ့သက်တမ်း

5.2K 1.1K 77
                                    

Unicode

အခန်း(၁၅၈)
လဲလှယ်ခြင်းရဲ့သက်တမ်း

သူဌေးပိုင်ကသခင်လေးပိုင်ကိုမြင်သောအခါသူ့မျက်လုံးမှလေးစား သည့်အလင်းရောင်များတောက်ပ သွားလေသည်။

"သခင်လေး...ပြန်လာပြီလား"

သခင်လေးပိုင်ကသူ့ကိုတစ်ချက် ကြည့်လိုက်၏။

"အကယ်၍ငါသာပြန်မလာဘူးဆိုရင် ဒီနေ့မင်းကြောင့်ပိုင်မိသားစုရဲ့မျက်နှာ ကရေတွင်းထဲလွှင့်ပစ်ရတော့မယ်"

သခင်လေးပိုင်ရဲ့တည်ငြိမ်သည့် အသွင်အပြင်ကသူ့ကိုအလွန်ငယ် ရွယ်စေသော်လည်းသူ့စကားလုံးများ ကတော့သူဌေးပိုင်ရဲ့နှဖူးမှာချွေးစေး များထွက်ပေါ်သွားစေသည်။

"ကျုပ်ကတိုင်တောင်ကိုတောင် အသိအမှတ်မပြုနိုင်ခဲ့တဲ့မျက်လုံး ရှိတဲ့သူပါ...လက်မှုပညာရှင်လင်ဆီ ကနေခွင့်လွှတ်မှုတောင်းခံပါရစေ ပြီးတော့သခင်လေးရဲ့ခွင့်လွှတ်မှုရောပဲ"

သူဌေးပိုင်ကသူ့ရပ်တည်ချက်ကို အများကြီးလျှော့ချပြီးနေပြီဖြစ် တာကြောင့်အခုချိန်မှာသူ့မျက်နှာ ပျက်ရမယ်ဆိုရင်တောင်သူလုံးဝ ဂရုမစိုက်တော့ပေ။

သူကလင်ရွှမ်းဇီကိုမကြောက်သော် လည်းပိုင်မိသားစုထဲမှာအမှန်တကယ် အခွင့်အာဏာရှိသည့်သူကိုတော့ အလွန်ကြောက်ရွံ့နေဆဲဖြစ်သည်။

သခင်လေးပိုင်ကတော့သူဌေးပိုင်ကို အာရုံစိုက်မနေတော့ပဲလင်ရွှမ်းဇီဘက် လှည့်၍မျက်နှာချင်းဆိုင်ကာပြုံးပြီး ပြောလိုက်သည်။

"ကျုပ်တို့အရင်တစ်ခေါက်လမ်းခွဲ ခဲ့ကြတုန်းကညီအစ်လိုလင်ဆီက သတင်းလုံးဝထပ်မရခဲ့ဘူးနော်.... ကျုပ်လက်ထဲကကျောက်တုန်းတု တွေအများကြီးကိုဘယ်ကိုပို့ရမှန်း လဲမသိဘူး...ကျုပ်အရှေ့ပိုင်းတိုက် ကြီးကနေအလယ်ပိုင်းတိုက်ကြီးကို လာရင်းနဲ့တောင်ချင်မြို့ကိုဖြတ်လာ ခဲ့သေးတယ်အကယ်၍ညီအစ်ကိုလင် ကိုများတွေ့ခွင့်ရနိုင်မလားဆိုပြီး... ဒါပေမဲ့ညီအစ်ကိုလင်ကအလယ်ပိုင်း တိုက်ကြီးကိုထွက်သွားပြီးနေတာ ဖြစ်နေမယ်လို့မမျှော်လင့်ခဲ့မိဘူး"

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now