Chapter(114) -ညှဉ်းပန်းနှိပ်စက်ခြင်း

6.5K 1.1K 29
                                    

Unicode

အခန်း(၁၁၄) - ညှဉ်းပန်းနှိပ်စက်ခြင်း

သူတို့ဒီမှာပထမဆုံးနေသည့်ရက်တုန်းကလည်းအားပိုင်နှင့်ဟူပိုတို့မှာထိုဝက်ဝံကြီး၏လှိုင်ဂူအားရှင်းရန်အတင်းအကြပ်ခိုင်းစေခြင်းခံခဲ့ရသည်။

ထိုဝက်ဝံဆိုးကြီးရဲ့ကိုယ်ကပဲအနံဆိုးရွားလွန်းနေတာလားသူ့ရဲ့တစ်ကိုယ်ရေတစ်ကာယသန့်ရှင်းမှုအလေ့အထကြောင့်ပဲမလွဲမရှောင်သာဖြစ်နေတာလားဆိုတာကိုမသိသော်လည်းထိုနေ့ကသူတို့ရှင်းလင်းပေးပြီးတဲ့နောက်မှာတော့အားပိုင်နှင့်ဟူပိုတို့မှာဆိုးဆိုးရွားရွားကိုခံစားလိုက်ရပြီးနောက်တစ်နေ့ထိထိုအနံကြီးကြောင့်ဘာမှမစားနိုင်ဖြစ်ခဲ့ရသည့်အပြင်ရေကန်ထဲတွင်လည်းသူတို့ကိုယ်သူတို့အထပ်အခါခါဆေးကြောခဲ့မိကြသည်။သူတို့တစ်ကိုယ်လုံးသည်နတ်ဆိုး၏ကြောက်မက်ဖွယ်အနံ့ဆိုးထွက်နေသည်ဟုပင်ခံစားခဲ့ကြရ၏။

အခုတော့ထိုဝက်ဝံနတ်ဆိုးသားရဲကသူ့အသိုက်ကိုထပ်မံရှင်းလင်းခိုင်းပြန်ပြီ....ကျားပေါက်လေးများမှာသူတို့၏နှလုံးသားထဲတွင်တော့အပြင်းအထန်ကိုငြင်းဆန်နေကြသည်။

ဟူပိုမှာလည်းသူ့ဒေါသကိုဖိနှိပ်ထားရသည်။သူတကယ်ကိုဝက်ဝံနတ်ဆိုးသားရဲအားဆန့်ကျင်သည့်စကားပြောလိုသော်လည်းဒီနတ်ဆိုးသားရဲကျောင်းတွင်ထိုဝက်ဝံနတ်ဆိုးသားရဲကအမြင့်ဆုံးအဆင့်တွင်ရှိနေသည်။သူကမွေးကင်းစအရွယ်ကြယ်ကိုးပွင့်အဆင့်တွင် ရှိနေပြီဖြစ်ပြီးစိတ်ဝိညာဉ်စုဆောင်းအဆင့်သို့ရောက်ရန်ခြေလှမ်းတစ်ဝက်မျှသာလိုတော့တာဖြစ်သည်။

ဝက်ဝံနတ်ဆိုးသားရဲကဟိန်းလိုက်သည်။ <မင်းတို့တွေကန်းနေကြလား!?>

အားပိုင်ကချက်ချင်းပင်ကြောက်လန့်တကြားပြန်ဖြေလိုက်၏ "သိပါပြီ"

ဝက်ဝံနတ်ဆိုးသားရဲကစိတ်ကျေနပ်စွာဖြင့်ပြန်ထွက်သွားတော့သည်။

မြွေနတ်ဆိုးသားရဲကလည်းနှာခေါင်းရှုံ့လိုက်ကာ

<ကောင်စုတ်သေးသေးလေးတွေ..ကောင်းကောင်းမွန်မွန်အလုပ်လုပ်ကြအခုကညစာစားချိန်ရောက်နေပြီ~>

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now