Chapter(13) - ငါသူ့ရဲ့မင်္ဂလာရှိတဲ့နေ့ရက်တွေကိုမျှော်လင့်နေပါတယ်

10.5K 1.7K 4
                                    

Unicode

အခန်း(၁၃) ငါသူ့ရဲ့မင်္ဂလာရှိတဲ့နေ့ရက်တွေကိုမျှော်လင့်နေပါတယ်

ဟန်ယန်ရန်သည်အံသြထိတ်လန့်သွားရသည့်အပြင် အလွန်စိုးရိမ်ကာစိတ်လောကြီးသွားသောကြောင့် ထခုန်မတတ်ပင်ဖြစ်သွားရပြီး အော်ပြောတော့သည်

" ဘယ်လိုများ အဲ့ဒီသားရဲတွေကို သူ့ကိုရောင်းခိုင်းရဲရတာလဲ..? အဲ့ဒီ သားရဲတွေကို ညီမ အကိုကိုပေးမယ်လို့ကတိပေးထားတာကိုမေ့သွားပြီလား? အဲ့ဒါတွေက ညီမအကိုဟာဖြစ်သွားပြီလေ"

"အဲ့ဒါတွေက မင်းအကိုပိုင်တယ်လို့ ဘယ်လိုများတွေးလိုက်ရတာလဲ"

ယန်ထျန်းဟန်သည် ဟန်ယန်ရန်အားစူးစိုက်ကြည့်လိုက်သည် ခဏအကြာတွင်သူ့အကြည့်အားပြန်ရုတ်သိမ်းလိုက်ကာ

"အဲ့ဒီ ကျားပေါက်နှစ်ကောင်က ငါ့အကိုနဲ့ ငါ့ကို အဖေကပေးခဲ့တာ မင်းရဲ့အကိုကြီးက ငါ့အကိုကြီးနဲ့ပတ်သတ်တာတွေကို ဘယ်တုန်းကအမှန်တကယ်ဂရုစိုက်ဘူးခဲ့လို့လဲ? လက်ရှိ ငါ့အကိုကြီးရဲ့အခြေအနေက ငွေအလုံအလောက်သိပ်မရှိဘူးဆိုတာနှစ်ယောက်လုံးကသိရဲ့သားနဲ့ အခုချိန်ထိ ရတနာပစ္စည်းတွေကိုလာတောင်းရဲသေးတာ မင်းတို့တွေလွန်လွန်းနေပြီလို့မထင်ဘူးလား?"

ဟန်ယန်ရန်သည် ထိုသို့ စေ့စေ့စပ်စပ်ပြောဆိုခံလိုက်ရသောအခါ သူမမျက်နှာမှာထားစရာနေရာမရှိသကဲ့သို့ပင်ခံစားလိုက်ရသည်။ ထို့နောက် ရှက်ရွံ့နေရာမှ ဒေါသသို့ကူးပြောင်းသွားကာ

" နင့်ကိုနင်ဘယ်သူလို့ထင်နေလဲ ငါ့ကိုများလာဆုံးမရဲသေးတယ်"

ပြောပြီးသည်နှင့်လင်ရွှမ်းဇီဘက်လှည့်ကာ ချွဲပြစ်နေသောအသံဖြင့် သူမ မတရားသဖြင့်ပြောခံနေရသည့်ပုံစံသရုပ်ဆောင်တော့သည်

"ရွှမ်းဇီ ကိုကို !! သူ့ကိုကြည့်ပါဦး ညီမတို့ကြားမှာသွေးခွဲဖို့ကြိုးစားနေတယ် ကိုကို့နောက်မှာ သူဘယ်လောက်တောင်ကိုကို့မကောင်းပြောနေတယ်ဆိုတာဘယ်သူကသိမှာလဲ ပြီးတော့ ဦးလေးလင်ဆုံးပါးသွားတာလဲသူ့ကြောင့်ပဲ သူကတကယ်တော့လေ မကောင်းတဲ့စိတ်ထားရှိတဲ့ ရုပ်ဆိုးလေးတစ်ယောက်ပဲသိလား!"

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now