Chapter (25) - Up Your Alley

9.5K 1.6K 22
                                    

Unicode

အခန်း(၂၅) - Up Your Alley

ယန်ထျန်းဟန်သည်ချက်ချင်းပင်ထိတ်လန့်တုန်လှုပ်စွာဖြင့် 

"ဟူပိုကို ရွှေစတစ်ထောင်ပေးရင်ပြန်ပေးမယ်လို့မနေ့ကသေချာပေါက်ပြောလိုက်တယ်လေ!!"

" မနေ့က မနေ့ ဒီနေ့ကဒီနေ့ပဲ မနေ့ကငါပြောတဲ့စည်းကမ်းချက်တွေကမင်းပြန်လာရွေးမှာနဲ့ဆိုင်တယ် ဒါပေမဲ့ဒီနေ့လာရွေးတာကတစ်ယောက်ဆိုတော့ ငါလည်းအခြေအနေနည်းနည်းပြောင်းရမှာပေါ့ "

ပြောပြီးသည်နှင့်ဂျီယွန်ဝေသည် တစ်နေရာမှ ယပ်တောင်အားထုတ်လိုက်ကာ ပျဉ်းရိစွာဖြင့်ခတ်နေတော့သည်။

ထိုအခါဟူပိုသည်မကျေမချမ်းဖြစ်ကာ ဂျီယွန်ဝေအား အသံတိုးတိုးလေးဖြင့် ဟိန်းလိုက်လေသည်။ ထိုအသံလေးအားကြားသောအခါ ဂျီယွန်ဝေသည် ဟူပိုအား ခပ်စွေစွေကြည့်လိုက်ကာပြုံးလိုက်ပြီးပြောသည်

" ဘာဖြစ်လို့လဲ မင်းငါ့နောက်လိုက်မယ်ဆိုရင်မင်းစားချင်တာသောက်ချင်တာအကုန်ရမှာကို ပြီးတော့ မင်းနတ်ဆိုးမွေ့လျှော်အသီးဘယ်လောက်ပဲလိုချင်ချင်ပြဿနာမရှိဘူး မင်းနဲ့ဆော့ဖို့တစ်ခြားကျားပေါက်လေးလဲရှိတယ် ဘာလို့မလိုချင်ဖြစ်နေတာလဲ? မင်းကိုပိုက်ဆံအတွက်နဲ့ထိုးရောင်းတဲ့သခင်ဆီကိုလိုက်မယ်လို့တော့မပြောနဲ့နော် ဘာလဲ နောက်တစ်ခါအရောင်းခံရမှပျော်မှာလား?"

ဟူပို၏အမွှေးများသည် ဒေါသထွက်လွန်းသောကြောင့် ထောင်ထလာပြီး သွားကိုစိ၍ ကိုယ်ကိုနှိမ့်ကာ အမြှီးကိုပါ မြှောက်ထားတော့သည်။

သို့သော်သိပ်မကြာခင်မှာပင် ဟူပိုသည်ခေါင်းကိုငုံ့ကာ အသည်းကွဲနေသည့်ရုပ်ဖြင့် စားပွဲပေါ်တွင် လဲှချလိုက်လေ၏။ အားပိုင်သည်လည်းဟူပိုဘေးတွင် လှဲချလိုက်ကာသူ့ကိုယ်ဖြင့်ပွတ်သပ်ပေးနေပြီး သူ့ပန်းရောင်လျှာလေးကိုပင်ထုတ်ကာ ဟူပိုအား နှစ်သိမ့်သည့်သဘောဖြင့်မျက်နှာအား သပ်ပေးနေလေသည်။

ထိုဖြစ်စဉ်တစ်ခုလုံးအားမြင်နေရသော ယန်ထျန်းဟန်သည် သူ့အပြစ်မကင်းသလိုခံစားနေရသောကြောင့်ခေါင်းကိုပင်မမော့ရဲပေ။

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now