Chapter(167) - ဂိုဏ်းငါးဂိုဏ်းအတူတကွ ပေါင်းစည်းခြင်း

4.9K 1K 128
                                    

Unicode

အခန်း(၁၆၇)
ဂိုဏ်းငါးဂိုဏ်းအတူတကွ ပေါင်းစည်းခြင်း

ပိုင်ရိချန်ကပြောလိုက်သည်။

"မင်းတကယ်အားကျသင့်တာ ကလင်ရွှမ်းဇီလေ"

ပိုင်ဝူယကရယ်မောလိုက်တော့သည်။

"အမှန်ပဲ..ငါသူ့ရဲ့ကြည့်ကောင်းမှုကို အားကျတယ်...ငါကိုယ့်ကိုကိုယ်တစ်ခြား သူတွေရဲ့အသွင်အပြင်ကိုကြည့်ပြီးဆုံး ဖြတ်ချက်ချတဲ့သူတစ်ယောက်မဟုတ် ဘူးလို့ထင်ထားခဲ့တာဒါပေမဲ့လင်ရွှမ်းဇီ ကိုမြင်တော့တကယ်ပဲသူ့ကိုဖွက်ထားပြီး ကိုယ့်အတွက်ကိုယ်သိမ်းထားဖို့တောင် တွေးလိုက်မိတယ်"

သူဒီအတွေးကိုဘယ်တုန်းကမှတကယ် လုပ်ဖို့မတွေးလို့သာဒီလိုရဲရဲရင့်ရင့်နဲ့ ဂရုမစိုက်ပဲပြောရဲခြင်းဖြစ်သည်။

"အတွေးဆိုတာအဆုံးသတ်မှာ တော့ဒီအတိုင်းအတွေးပါပဲ"

ပိုင်ရိချန်သည်လည်းအဲ့ဒါကိုအလေး အနက်မမှတ်ယူပေ။သူကပေါ့ပေါ့ပါးပါး သာပြန်မေးလိုက်သည်။

"အဲ့ဒီမှော်ကိရိယာတွေအကုန်လုံး သူထွင်းထုဖို့သူဘယ်လောက်ကြာခဲ့ လဲဆိုတာမင်းသတိပြုမိလား?"

ပိုင်ဝူယကခေါင်းကိုခါယမ်းပြလိုက်သည်။

"ငါဘယ်လိုလုပ်သိမှာလဲ?သူအဲ့ဒီ ပစ္စည်းတွေသန့်စင်တဲ့အချိန်မှာ ဘယ်သူ့ကိုမှမှမပြောဘူးတာ"

ပိုင်ရိချန်ကအမှန်ပြင်ပေးသည်။

"ငါပြောတာရှိသမျှမှော်ကိရိယာတွေ ကိုမဟုတ်ဘူးဒါပေမဲ့သူပထမဆုံးလက်မှု ပညာရှင်ဖြစ်လာခဲ့တာဘယ်လောက် ကြာပြီလဲလို့?"

ပိုင်ဝူယကရပ်တန့်သွားရသည်။

"ငါလင်ရွှမ်းဇီကိုဂရုတစိုက် မစစ်ဆေးဘူးဘူး"

"ငါစစ်ဆေးဘူးတယ်" ပိုင်ရိချန်ကလက်တွန်းလှည်းလက်ရမ်း ကိုခေါက်လိုက်ပြီးသူ့ရှေ့ကကွေ့ပတ် နေသည့်တောင်ပေါ်လမ်းလေးကို လှမ်းကြည့်လိုက်သည်။

"စုစုပေါင်းပြောရရင်ခြောက်လ ထက်တောင်နည်းဦးမယ်"

ပိုင်ဝူယရဲ့လက်များကတုန်ယင်သွားပြီး မယုံကြည်နိုင်စွာအော်ပြောလိုက်မိသည်။

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now