Chapter(173) - အဲ့ဒါသူတစ်ယောက်တည်းပဲဖြစ်ရမယ်

5.5K 1.2K 246
                                    

Unicode

အခန်း(၁၇၃) - အဲ့ဒါသူတစ်ယောက်တည်းပဲဖြစ်ရမယ်

"အကယ်၍အဲ့ဒါကယွီယန်ဆိုရင်..." ယွမ်ထျန်းဝမ်ကရပ်တန့်သွားပြီးမှ စကားပြန်ဆက်သည်။

"အဆုံးသတ်မှာကျုပ်ဘယ်လိုဆုံးဖြတ် ချက်မျိုးချမိမလဲဆိုတာတော့မသိပေ မယ့်သေချာပေါက်သူ့ကိုဒီလိုတော့ အလွယ်တကူနိမ့်ကျမိစေမှာမဟုတ်ဘူး"

"ပြိးတော့ရော...ဘာဖြစ်လို့အဲ့ဒီလိုဖြစ် တာလဲ?ခင်ဗျားသူ့ကိုသဘောကျလား?" လင်ရွှမ်းဇီကအနည်းငယ်အံ့အားသင့် စွာမေးလိုက်သည်။

ယွမ်ထျန်းဝမ်ကအနည်းငယ် ရှက်သွေးဖြန်းသွားသည်။

"အခုလောလောဆယ်တော့သူ့ကို ကျုပ်ဘယ်လောက်သဘောကျမိလဲ ဆိုတာမပြောနိုင်ဘူး...ပြီးတော့လည်း ကျုပ်တို့မတွေ့ရတာနှစ်ပေါင်းများစွာ ကြာခဲ့ပြီလေဒါပေမဲ့သူနဲ့အဲ့ဒီလိုကျွမ်းဝင် တဲ့ရင်းနှီးမျိုးမှုကိုမကြိုက်တာတော့ မဟုတ်ဘူး...အဲ့ဒါအပြင်ကျုပ်တို့ငယ် ငယ်တုန်းကကျုပ်တို့ကြီးလာတဲ့အခါ ကျရင်ကျုပ်ကိုသူလက်ထပ်မယ်လို့ တောင်ပြောခဲ့ဘူးတာပဲ...ဒီနှစ်တွေ အားလုံးပြီးနောက်မှာတော့ကျုပ်အဲ့ဒီ တုန်းကအချိန်တွေကိုမမေ့ခဲ့ဘူးဘူး... အဲ့ဒါသူဆိုတာအစကတည်းကသာ သိခဲ့မယ်ဆိုရင်ကျုပ်သူနဲ့အချိန်တစ် ချု့ိလောက်ကုန်ဆုံးပြီးအခြေအနေတွေ ဘယ်လိုမျိုးတိုးတက်လာမလဲဆိုတာ ကြည့်မိမှာပဲ"

လင်ရွှမ်းဇီကခေါင်းညိမ့်ပြလိုက်ပြီး ရုတ်တရက်စတင်ရယ်မောတော့သည်။ သူကအားရပါးရရယ်လွန်းလို့သူ့ခွက်ထဲ ကလက်ဖက်ရည်များပင်ဖိတ်ကျကုန်၏။

ရယ်စရာကောင်းတယ်...ဒါက တကယ်ကိုရယ်စရာကောင်းတယ်

အမှန်တကယ်တော့ယွမ်ထျန်းဝမ်နဲ့ သွမ့်ယွီယန်တို့ကြားမှာမတော်တဆ ဖြစ်ရပ်တွေအများကြီးဖြစ်ပျက်ခဲ့တယ် ....အတိတ်ဘဝတုန်းကသွမ့်ယွီယန်နဲ့ ယွမ်ထျန်းဝမ်တို့သေသည်အထိတစ် ယောက်နဲ့တစ်ယောက်အဆက်အသွယ် မရှိတော့တဲ့ဖြစ်ရပ်မှန်ကအခုအချိန်မှာ လင်ရွှမ်းဇီအတွက်အသေးအဖွဲဖြစ် သွားပြီ။အတိတ်ဘဝတုန်းကဟန်ယူရန်က လူတွေရဲ့နှလုံးသားကိုအနိုင်ရနိုင်ဖို့ ဟန်ဆောင်မှုတွေသုံးခဲ့တယ်လို့ပဲသူ တွေးခဲ့မိတာဒါပေမဲ့ဟန်ယူရန်ကအရမ်း ကိုရဲတင်းပြီးတစ်ခြားတစ်ယောက်လို အယောင်ဆောင်မယ်လို့လုံးဝမမျှော် လင့်ခဲ့မိဘူး!

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now