Chapter(100) - ကို့ကိုယ်ပိုင်ကျင့်ကြံမှုကိုယ်ဖျက်သိမ်းခြင်း

7.5K 1.4K 53
                                    

Unicode

အခန်း(၁၀၀)

ကို့ကိုယ်ပိုင်ကျင့်ကြံမှုကိုယ်ဖျက်သိမ်းခြင်း

လင်ရွှမ်းဇီကမျက်လုံးဖွင့်လိုက်ပြီးသူ့ကိုခပ်လျော့လျော့ပြုံးပြလိုက်သည်။

"ဘာမှမဟုတ်ပါဘူး....အားဟန်တောင်မကြာခင်ကြီးလာတော့မှာပဲလို့တွေးမိလို့"

ယန်ထျန်းဟန်ကသူ့မျက်နှာသူပွတ်လိုက်ကာ

"ဟုတ်တယ်!ကျွန်တော်လွန်ခဲ့တဲ့သုံးလတုန်းကထက်တစ်လက်မတောင်ပိုရှည်လာတယ်"

အဲ့ဒါကတစ်လက်မထဲပဲလေ...အားဟန်တကယ်ကိုအသက်ကြီးလာဖို့အတွက်ကသွားစရာလမ်းအဝေးကြီးရှိပါသေးတယ်

ကြားထဲကအချိန်အပိုင်းအခြားကတော့.......လင်ရွှမ်းဇီအတွက်နှိုင်းယှဉ်ဖို့ကတော့ကြာလွန်းလှ၏။

သို့သော်လည်းလင်ရွှမ်းဇီသည်ယန်ထျန်းဟန်ကယခုကဲ့သို့ပင်ဖြူစင်ပြီးရိုးသားသည့်ဆယ်ကျော်သက်လေးအဖြစ်အမြဲတမ်းတည်ရှိဖို့မျှော်လင့်နေမိသည်။

လင်ရွှမ်းဇီကပြုံးပြလိုက်ကာ

"အားဟန်.....တကယ်လို့အနာဂတ်မှာတစ်ယောက်ယောက်ကိုသဘောကျလာပြီဆိုရင်အကိုကြီးကိုအရင်ဆုံးပြောရမယ်နော်"

ယန်ထျန်းဟန်မှာအံ့အားသင့်သွားမိသည်။သူ့မျက်နှာသေးသေးလေးကနီရဲလာကာလျှာထုတ်လိုက်ပြီးပြောလိုက်၏။

"အကိုကြီးကမှတစ်ယောက်ယောက်ကိုသဘောကျလာရင်ကျွန်တော့်ကိုပြောရမှာတကယ်လို့အနာဂတ်မှာကျွန်တော့်အတွက်မရီးတစ်ယောက်ရလာခဲ့ရင်သူမကိုကျွန်တော်အကိုကြိးကိုကောင်းကောင်းဆက်ဆံသလိုမျိုးပဲဆက်ဆံရမယ်"

လင်ရွှမ်းဇီမှာသူ့နှလုံးသား၏အတွင်းပိုင်းတွင်သက်ပြင်းသာချလိုက်မိတော့သည်။

ယန်ထျန်းဟန်၏စကားများကသူ့ကိုလုံးဝကိုစိတ်မဝင်စားကြောင်းကိုပြနေ၏။

"အားဟန်ဒီမှာနေပြီးအားဘိုင်နဲ့ဟူပိုကိုဂရုစိုက်ထားလိုက်ဦးအကိုကြီးသွားပြီးခဏလောက်အနားယူဖို့လိုနေတယ်"

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now