Chapter(117) - ကျင့်ကြံရေးနည်းလမ်းအတွက် တိုက်ခိုက်ရခြင်း

6.3K 1.1K 35
                                    

Zawgyi

အခန်း(၁၁၇) - ကျင့်ကြံရေးနည်းလမ်းအတွက် တိုက်ခိုက်ရခြင်း

လင်ရွှမ်းဇီကမမြင်ရသည့်ထောင့်တစ်နေရာမှဖုန်းကွယ်နေသောစာလိပ်တစ်လိပ်အားထုတ်ယူလိုက်သည်။ထိုအရာကဖုန်မှုန့်များဖြင့်ဖုံးလွှမ်းနေပြီဖြစ်၏။

"ဒီစာလိပ်ကိုပဲယူသွားကြရအောင်"

ယန်ထျန်းဟန်ကလှမ်းယူကြည့်လိုက်ပြီးချက်ချင်းပင်ဝမ်းမြောက်ပျော်ရွှင်သွားတော့သည်။

"ဒါကနယ်မြေကြီးကိုးခုမှာရှိတဲ့ကျင့်ကြံရေးနည်းလမ်းတွေရဲ့ယေဘုယျအခြေခံကိုရှင်းပြထားတဲ့ဟာမှတ်လား?အကိုကြီး..ဒီစာအုပ်မျိုးကရှာရမလွယ်တဲ့ဟာကို"

လင်ရွှမ်းဇီကခေါင်းညိ့မ်ပြလိုက်သည်။

"အဂ္ဂီရတ်ပညာကိုကျင့်ကြံဖို့အတွက်ကျင့်ကြံရေးစာအုပ်ကတော့ဒီကနေထွက်သွားပြီးတော့မှပဲမင်းအတွက်ငါရှာပေးမယ်နော်"

ယန်ထျန်းဟန်ကခေါင်းညိမ့်ပြလိုက်ပြီးစိတ်မပူတဲ့ပုံစံဖြင့်ပြန်ဖြေလိုက်၏။

"အကိုကြီးကောင်းတယ်လို့ထင်တဲ့ဟာကိုကျွန်တော်တို့လုပ်မယ်လေ"

ဘယ်လိုပဲဖြစ်ဖြစ်သူလည်းအဂ္ဂီရတ်ပညာနဲ့ပတ်သတ်ပြီးအဲ့လောက်တော့စိတ်အားထက်သန်မှုရှိမနေပေ။သူ့အတွက်ကထိုပညာကိုဒီနေ့ပဲကျင့်ကျင့်နောက်တစ်ရက်ကြာမှပဲကျင့်ကျင့်ဘာမှတော့ပိုထူးမလာဘူးဖြစ်သည်။ထပ်ပြောရရင်တော့လင်မိသားစုထဲမှာလည်းကောင်းမွန်တဲ့အဂ္ဂီရတ်ကျင့်စဉ်စုဆောင်းထားခြင်းရှိမနေဘူးလေ...

လင်ရွှမ်းဇီကထိုစာလိပ်အားယူလိုက်ကာလင်ယန်ကိုသူလိုခြင်တဲ့လက်ဆွဲစာအုပ်ရမရမေးရန်ရှာဖို့ပြင်ဆင်လိုက်ချိန်တွင်အနားမှစာအုပ်စင်များဘက်မှဆူညံအော်ဟစ်သံများအားကြားလိုက်ရသည်။

လင်ယန်ကထောင့်တစ်ထောင့်တွင်လက်တစ်ဖက်ကစာလိပ်တစ်လိပ်အားဆုပ်ကိုင်ထားပြီးထိုစာလိပ်ပေါ်သို့လက်တစ်ခုလုံးဖြင့်ကိုင်ထားသည့်လင်ဇီဂျီအားသူ့မျက်ခုံးများကိုမြှင့်ပြီးကြည့်နေ၏။

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now