Chapter(170) - သတ်မလားမသတ်ဘူးလား

4.8K 1.1K 118
                                    

Unicode

အခန်း(၁၇၀) - သတ်မလားမသတ်ဘူးလား

ယန်ထျန်းဟန်ရဲ့မျက်လုံးများက ချက်ချင်းနီရဲလာသည်။သူကသူ့ နှုတ်ခမ်းကိုကိုက်လိုက်ပြီးတစ်ရှုံ့ရှုံ့ ငိုကာပြောလေသည်။

"ကျွန်တော်မလိုချင်ဘူး...အကိုကြီးက ကျွန်တော့ဟာပြီးတော့ကျွန်တော် တစ်ယောက်တည်းပိုင်တာ....သူတစ်ခြား သူနဲ့မင်္ဂလာဆောင်ပြီးကလေးတွေရတာ လည်းမလိုချင်ဘူး..သူတစ်ခြားသူတွေ ကိုကောင်းကောင်းဆက်ဆံတာလည်း ကျွန်တော်မလိုချင်ဘူး!"

ဘေးမှာရပ်နေတဲ့လင်ဇီဂျီကကြည့်ရ တာနည်းနည်းရှက်ရွံ့သလိုခံစားရသည်။

ယန်ထျန်းဟန်ကလင်ရွှမ်းဇီကိုသူ တစ်ယောက်တည်းပိုင်ဆိုင်တဲ့ပုံစံမျိုး ပြုမူနေတာနဲ့ဘာလို့ပိုပိုပြီးတူလာရတာလဲ?

ပြီးတော့လည်းသူ့ကလင်ရွှမ်းဇီ မိတ်ဆွေသူငယ်ချင်းဖွဲ့တာကိုတား ဆီးချင်နေသလိုပဲ

လင်ရွှမ်းဇီကိုလက်မထပ်ခိုင်ဘူး ကလေးမယူခိုင်းဘူး..အဲ့ဒီပုံစံကျတော့.........

လင်ဇီဂျီကယန်ထျန်းဟန်အပေါ် ဘယ်တုန်းကကောင်းတဲ့အမြင်မရှိခဲ့ ဘူးဘူးဖြစ်သည်။သူ့ရဲ့ရုပ်ရည်ကြောင့် တို့သူကလင်မိသားစုရဲ့အဆင့်အတန်း ကိုကျဆင်းစေလို့တို့ကြောင့်မဟုတ်ပဲ သူယန်ထျန်းဟန်ကိုပထမဆုံးအကြိမ် တွေ့တုန်းကတကယ်ကိုမကောင်းတဲ့ ခံစားချက်ရခဲ့သောကြောင့်ဖြစ်သည်။ အဲ့ဒီလိုခံစားချက်မျိုးကလျို့ဝှက်ဆန်း ကြယ်၊နားမလည်နိုင်တဲ့ခံစားချက်မျိုး ဖြစ်ပြီးအတော်လေးထူးဆန်းသည်။

သို့သော်လင်ဇီဂျီကဘာမှဝင်မပြော လိုက်ပေ။ပြီးတော့လည်းဒါက ယန်ထျန်းဟန်နဲ့လင်ရွှမ်းဇီကြားထဲက ကိုယ်ရေးကိုယ်တာကိစ္စဖြစ်တာကြောင့် သူနဲ့ဘာမှမဆိုင်ဘူးလေ

ယန်ထျန်းဟန်မှာတစ်ဖက်ကစိတ်ကောက် နေမိပြီးတစ်ဖက်ကတော့တစ်ချိန်တည်း မှာအနည်းငယ်စိတ်ရှုပ်ထွေးနေမိသည်။

သူဘာလို့ဒီလိုဖြစ်နေရတာလဲ?ဘာလို့ တစ်ယောက်ယောက်ကလင်ရွှမ်းဇီနား ကပ်လာပြီးသူ့ကိုကောင်းကောင်းဆက် ဆံတိုင်းမပျော်မရွှင်ခံစားရတာလဲ?

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now