Chapter(31) - ကျေးဇူးတင်ခြင်းရဲ့ ကြီးမားတဲ့အကြွေး

9.3K 1.6K 19
                                    

Unicode

အခန်း(၃၁)
ကျေးဇူးတင်ခြင်းရဲ့ ကြီးမားတဲ့အကြွေး

လင်ရွှမ်းဇီသည်ယန်ထျန်းဟန်အား ပင်မအခန်းထဲသို့ခေါ်သွားလိုက်သည်။

ယန်ထျန်းဟန်သည် ကြောင်တောင်တောင်ဖြစ်နေသည်မှရုန်းထွက်လိုက်ပြီး အလင်းတိုင်အောက်မှလှပသည့် လင်ရွှမ်းဇီ၏မျက်နှာအားငေးစိုက်ကြည့်လိုက်ကာစိုးရိမ်တကြီးဖြင့် မေးလိုက်သည်။

" အကိုကြီး စိတ်ဆိုးနေတာလား?"

လင်ရွှမ်းဇီသည်လက်ထဲမှ လက်ဖက်ရည်အိုးအားချလိုက်ကာ

" ဘာလို့မေးတာလဲ"

ယန်ထျန်းဟန်သည်လက်ဝါးနှစ်ဖက်အားပွတ်ကာ ပြောလိုက်သည်

" အရင်တစ်ခေါက်တုန်းက အကိုကြီး ကသူနဲ့ပေါင်းတာကိုမကြိုက်ဘူးလေ ပြီးတော့ ဒီလောက်နောက်ကျမှပြန်လာတာကိုလည်း တစ်ခါမှ ခွင့်မပြုဘူးဘူး"

လင်ရွှမ်းဇီသည်ပြန်မပြောခင်တွင် အတန်ကြာတိတ်ဆိတ်နေပြီးမှ

" သွမ့်ယွီယန်နဲ့ဘယ်လိုသိသွားတာလဲ"

ယန်ထျန်းဟန်သည်အနည်းငယ်စဉ်းစားလိုက်ကာ

" ကျွန်တော်က လင်မိသားစုရဲ့ ဝိညာဉ်ပင်စိုက်ခင်းမှာအလုပ်လုပ်တယ်၊ တစ်နေ့ အကိုယွီယန်က ဝိညာဉ်ပင် တစ်ချို့လာဝယ်ရာကနေ ကျွန်တော်ကတစ်ယောက်ယောက်နဲ့ရန်ဖြစ်နေတာကိုတွေ့သွားပြီးတော့အဲ့ဒီအချိန်ထဲက ကျွန်တော့ကို ကူညီခဲ့ပြီး တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးသွားကြတာ"

" အားဟန်က ဘယ်သူနဲ့ရန်ဖြစ်တာလဲ" လင်ရွှမ်းဇီကမေးလိုက်သည်။

"ပါးစပ်စည်းမစောင့်တဲ့အကောင်တစ်ကောင်ပါ"

ယန်ထျန်းဟန်သည်ဒဏ်ရာ ပျောက်နေပြီဖြစ်သောခေါင်းအားပွတ်လိုက်ပြီး လျှာကိုထုတ်လိုက်ကာ

" ဒီနေ့ရလာတဲ့ဒဏ်ရာကိုကြည့်ပြီး ကျွန်တော့ကိုမဆုံးဖြတ်ပါနဲ့ သူတို့ကအမြဲတမ်းကျွန်တော့ထက်ပိုခံရတာ ကျွန်တော်ကရန်ဖြစ်တာတကယ်တော်တယ်"

လင်ရွှမ်းဇီသည်ခေါင်းငြိမ့်ပြလိုက်ကာပြောလိုက်သည်

" အားဟန်ကအတော်ဆုံးပဲ"
ထိုအရာသည်ကလေးများကြားကရန်ပွဲသက်သက်သာဖြစ်သောကြောင့် လောလောဆယ်သူ့ဘက်က ဝင်ပါလို့မကောင်းပေ

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now