Chapter(91) - မိသားစုတစ်ရာစုဝေးပွဲ

8.4K 1.3K 62
                                    

Unicode

အခန်း(၉၁) - မိသားစုတစ်ရာစုဝေးပွဲ

ရွှမ်းဇီမှာဂုဏ်လဲယူမိပြီးစိတ်လဲလှုပ်ရှားမိသည် --- ဘယ်အချိန်ပဲဖြစ်နေပါစေယန်ထျန်းဟန်ပထမဆုံးသတိရမိသူမှာသူဖြစ်နေသောကြောင့်ဖြစ်၏။

ပဉ္စမအကြီးအကဲကယန်ထျန်းဟန်အားဝေ့ဝဲကြည့်လိုက်ကာပြောလိုက်သည်။

"ကောင်သေးသေးလေး....မင်းကငါမင်းအကိုကြီးဘက်မှာမရပ်တည်ပေးလို့ရန်ညှိုးထားနေတာမှတ်လား? ငါလိုလူအိုကြီးကိုဒီလိုမျိုးကဲ့ရဲ့နေဖို့လိုလို့လားကွာ?"

"ဆရာသခင်....အားဟန်ကကျွန်တော့အတွက်အရမ်းဂရုစိုက်လို့မိသွားလို့ပါသခင့်ကိုသက်သက်ဦးတည်ချက်ထားနေတာမဟုတ်ပါဘူး"

ပဉ္စမအကြီးအကဲကဂရုမစိုက်သည့်ပုံဖြင့်လက်ကိုဝှေ့ယမ်းပြလိုက်ကာ

"တကယ်လို့ပန်ကျွင်းသာမင်းကိုလျော်ကြေးတစ်ခုခုမပေးရင်မင်းရဲ့အဲ့ဒီညီငယ်လေးကနောက်8နှစ်10နှစ်လောက်ထိပွစိပွစိပြောလို့ပြီးမှာမဟုတ်ဘူး"

ပဉ္စမအကြီးအကဲကပြောရင်းဖြင့်ပင်သူ့လက်အားဆုပ်ကိုင်လိုက်ကာခရမ်းရောင်ကဒ်တစ်ခုပေါ်လာ၏။

သူကထိုကဒ်အားလင်ရွှမ်းဇီထံသို့ပစ်ပေးလိုက်ပြီးသံသယနှင့်စိုးရိမ်မှုများကိုဖယ်ရှားပေးသည့်ပုံစံဖြင့်ပြောလိုက်သည်။

"အဲ့ဒီကဒ်ထဲမှာရွှေစနှစ်သောင်းပါတယ်ဒါကဆယ်နှစ်စာကျောင်းသားတစ်ယောက်ရဲ့မိသားစုရရှိတဲ့ထောက်ပံ့ကြေးနဲ့ညီမျှတယ်"

[T/N - သူတို့ခေတ်ကလည်း credit card ရှိတယ်ဟ]

လင်ရွှမ်းဇီကပြုံးပြီးယူလိုက်ကာထိုငွေကဒ်အားစိတ်ဝင်တစားကြည့်နေသည့်ယန်ထျန်းဟန်ကိုလှမ်းပေးလိုက်သည်

"ကျေးဇူးအထူးတင်ပါတယ်ဆရာသခင်"

ယန်ထျန်ဟန်၏မျက်လုံးလေးများမှာတစ်လက်လက်တောက်ပနေပြီးလခြမ်းကွေးလေးသဖွယ်ဖြစ်သွားကာပဉ္စမအကြီးအကဲအားကျေးဇူးတင်စကားပြောလိုက်၏

"ကျေးဇူးအထူးတင်ပါတယ်ဖိုးဖိုးငါး....တကယ်တော့ကျွန်တော်သဘောပေါက်သွားပြီဖိုးဖိုးငါးကကြည့်သလောက်လဲမအိုသေးပါဘူးပြီးတော့တကယ်ကိုအရမ်းခန့်ညားချောမောတယ်"

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now